Unicode
[ A/N: ဤအပိုင်းတွင် Side Characters များ၏အခန်းများသာ ပါဝင်ပါသည်။ ]
" ကိုကိုရေ ကိုကို.. ကိုကြီးက အခုထိ ဖုန်းမကိုင်ဘူး "
အလုပ်သွားရန် အင်္ကျီအဝတ်အစားလဲပြီးထွက်လာသော မင်းခန့်အား ပန်းချီကဆီး၍ပြောသည်။
" ဟုတ်လား အခုထိ ဖုန်းမကိုင်သေးဘူးလား "
" ဟုတ်တယ် ကိုကို.. ချီချီ တကယ်စိတ်ပူလာပြီ.. ပုံမှန်ဆိုကိုကြီးက ချီချီ့ဖုန်းဆိုမကိုင်ပဲမနေပါဘူး "
ပန်းချီက ပြောရင်းနဲ့ မျက်နာလေးသည် ငိုမဲ့မဲ့ ။
မင်းခန့်လည်း ဖုန်းကိုထုတ်လိုက်ကာ ရှင်းခဆီသို့ဆက်လိုက်သည်။ ပန်းချီပြောသည့်အတိုင်းပင် ရှင်းခက ဖုန်းလုံးဝမကိုင်ပါ ။
ထိုစဥ်ဒေါ်မေသက်ရှင်းက မီးဖိုချောင်မှထွက်လာကာ ထမင်းချိုင့်အား သူ့ကိုကမ်းပေးရင်း..
" သား အလုပ်မသွားခင် ခခရဲ့ အလုပ်ကိုခဏဝင်ကြည့်ကြည့်ပါလား.. ဟို.. M.M ဆောက်လုပ်ရေးကုမ္ပဏီဆိုလား.. ဘာလား "
" ဟုတ်တယ် ကိုကို.. ဝင်ကြည့်ကြည့်ပါနော်.. ကိုကြီး နေမကောင်းများဖြစ်နေတာလား မသိဘူး "
မင်းခန့်သည် ပန်းချီရဲ့ပုခုံးကိုခပ်ဖွဖွပုတ်လိုက်၏။
" ဟုတ်ပါပြီ ချီချီ.. ကိုကိုသွားကြည့်လိုက်ပါ့မယ်.. "
ပြီးနောက် ဒေါ်မေသက်ရှင်းဘက်သို့လှည့်လိုက်ကာ..
" မေမေ စိတ်မပူပါနဲ့ ကျွန်တော် သွားလိုက်ပါ့မယ် "
-----------------------------------------------------------
M.M ဆောက်လုပ်ရေးကုမ္ပဏီလို့ဆိုင်းဘုတ်တပ်ထားသည့် အဆောက်အဦးကြီးရဲ့ရှေ့တွင် Taxi လေးတစ်စီးရပ်လိုက်၏။
မင်းခန့် Taxi မောင်းသမားအား ကျသင့်ငွေကိုပေးလိုက်ပြီးနောက် ကားပေါ်မှာဆင်းလိုက်ကာ သူ့ရှေ့မှအထပ်မြင့်အဆောက်အဦးကြီးအား မော့၍ကြည့်လိုက်မိသည်။
ဒီကုမ္ပဏီကို ဒါပထမဆုံးရောက်ဖူးတာပဲ ။ ဘတ်စ်ကားစီးရင်တော့ တစ်ခါတစ်လေမြင်ဖူးပေမဲ့ အနီးကပ်ကြည့်လိုက်တော့ တော်တော်ခမ်းနားသည်ဟု သူတွေးလိုက်မိသည်။
![](https://img.wattpad.com/cover/336121028-288-k986634.jpg)
YOU ARE READING
Mg's Bodyguard (S1) [ Completed ]