အပိုင်း (၇) [ Uni + Zaw ]

6.7K 353 8
                                    

Unicode

အာဏာ အိတ်ကပ်ထဲမှ Smoke bomb ကိုထုတ်ကာ စမှုတ်တံကိုဖြုတ်လိုက်ပြီး ခြံတံခါးနားသို့လှိမ့်ပေးလိုက်သည်။

မှောင်မဲနေသည့် လမ်းပေါ်၌ မီးခိုးငွေ့များပြည့်နှက်သွားတော့သည်။ ထိုမီးခိုးငွေ့များသည် ခြံရှေ့ဘက်တွင်သာမက ခြံနောက်ဘက်မှလည်း ထွက်ပေါ်လာသည်။ ထိုအငွေ့တွေနဲ့အတူ ဝိုင်ယာရှော့ဖြစ်ရင်ရတဲ့ အနံ့တစ်မျိုးသည်လည်း ရောယှက်ပါဝင်လာသည်။ လွှမ်းတော့ လုပ်ငန်းစလိုက်ပြီ။

" ငါလုပ်ပြီးပြီ အာဏာ ၊ အခု အစောင့်အများစု ခြံအနောက်ဘက်မှာ ရှိနေကြတယ် မင်းဝင်လိုက်တော့ "

" အင်း "

နားကြပ်မှလွှမ်းကထိုသို့ပြောသည်နှင့် အာဏာ အနက်ရောင်အဝတ်ဖြင့် နှာခေါင်းနဲ့ပါးစပ်ကို အုပ်လိုက်သည်။ ထို့နောက် Smoke bomb တစ်ခုထပ်ထုတ်ကာ ၊ ဒီတစ်ခေါက်တွင်တော့ သူ့အနားမှာပဲ စမှုတ်တံကိုဖြုတ်ပြီး ပစ်ချလိုက်သည်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးငွေ့များ ပြည့်နှက်လို့သွား၏။

----------------------------------------------------------

အာဏာ ခြံတံခါးကို တွယ်တက်ပြီး ဝင်လာခဲ့ရာ ခြံထဲတွင် အစောင့်သုံးယောက်လောက်နဲ့တွေ့၍ ချခဲ့ရသေးသည်။ ထိုသုံးယောက်မှောက်သွားမှပဲ အိမ်ထဲသို့ အမြန်ဝင်သွားလိုက်၏။

အိမ်ကြီးသည် အပြင်ပိုင်းတွင်သာ ခမ်းနားသည်မဟုတ် ၊ အိမ်အတွင်းပိုင်းအပြင်အဆင်ကပါ နန်းတော်ကြီးကဲ့သို့ အရာရာဟာ သစ်လွင်တောက်ပနေသည်။ လင်းထိန်နေပြီး ရွှေရောင်တလက်လက်တောက်နေတဲ့ ဧည့်ခန်းအလယ်တွင် သူတစ်ယောက်သာ တကိုယ်လုံးအနက်ရောင်နဲ့ ထင်းထင်းကြီးဖြစ်နေသည်။

ထိုအချိန်တွင် ဦးသာဟန်ရဲ့ ဘောဒီဂတ်နှစ်ယောက်အိမ်ထဲဝင်လာ၍ အာဏာ အမြန်ပဲ ဆိုဖာခုံနောက်မှာ ဝင်ပုန်းလိုက်သည်။

" ဟျောင့် အာဏာ မင်းဘယ်မှာလဲ "

အာဏာ ထိုသကောင့်သားကို မေတ္တာပို့လိုက်မိသည်။ ဘာလို့အခုအချိန်မှ စကားလှမ်းပြောရတာလဲ ၊ အခုတော့ကြည့် ထိုလူနှစ်ယောက်က အသံကြားသွားလို့ သူ့ကွယ်နေတဲ့ ဆိုဖာခုံနားလျှောက်လာကြပြီ ။

Mg's Bodyguard (S1) [ Completed ] Onde histórias criam vida. Descubra agora