အပိုင်း (၃၈) [ Uni + Zaw ]

5.1K 294 21
                                    

Unicode

" ကိုယ်မြင်နေကျမင်းမျက်နာ အရင်ကလို.... "

" Ring ~~ "

သီချင်းဆိုကောင်းနေတုန်း ဖုန်းဝင်လာတာကြောင့် လွှမ်းရဲ့မျက်နာမှာ ရှုံ့မဲ့သွား၏။

အာဏာဆီမှဖြစ်သည်။ တကယ် ဒီကောင် သူသီချင်းဆိုတာကိုနှောက်ယှက်သည်မှာ နှစ်ခါပင်ရှိပြီ ။

" မင်းနဲ့ရှင်းခ ဘယ်ရောက်သွားကြတာလဲ.. ပြန်ကိုတက်မလာတော့ဘူး.. ဟွန်း ! "

" အင်း ကိစ္စလေးရှိလို့.. မင်းတို့ပဲစားလိုက်ကြတော့.. ကြိုက်တာစား.. ပြီးရင် ကျသလောက်ငါ့ကိုပြော.. ငါမင်းဘဏ်ကတ်ထဲလွှဲလိုက်မယ်.. "

" ဟေ့ကောင် နေအုံး.. "

ဘာမှပြောချိန်ပင်မရလိုက် ။ တီခနဲ ဖုန်းကျသွား၏။

" ဘာပြောလဲ "

ဘေးမှ ဝီစကီတစ်ခွက်ဖြင့် ဇိမ်ကျနေသော သက်ပိုင်က လှမ်း၍မေးသည်။

" ကိစ္စလေးရှိလို့ အရင်ပြန်နှင့်မယ်တဲ့ "

သက်ပိုင်ကိုပြန်ဖြေပြီးနောက် သီချင်းဆက်ဆိုရန် မိုက်လေးကိုင်လိုက်ရုံပဲရှိသေး ၊ ဖုန်းကထပ်ပြီးမြည်လာပြန်သည်။

" ဘာလဲ! "

" .... "

" သြော် အင်း.. ငါအခုလာခဲ့မယ် "

လွှမ်းဖုန်းကိုချလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်ကာ သိမ်းစရာရှိတာများသိမ်းပြီး..

" ငါသွားစရာလေးပေါ်လာလို့ သက်ပိုင်.. မင်းပြီးရင် ကျသလောက်ဘေကို ဟိုကောင့်ကိုပြောလိုက်နော်.. သူပေးလိမ့်မယ် "

ဟုဆိုကာ ထွက်သွားတော့၏။

" သွားကြဟေ့ သွားကြ ! "

သက်ပိုင် သက်ပြင်းတစ်ချက်ချလိုက်ရုံသာ တတ်နိုင်တော့သည်။

သူဘာလို့ဒီကောင်တွေနဲ့ ထွက်လာမိပါလိမ့် ။
အိမ်မှာ နှင်းနဲ့နေရတာကမှ ပို၍ကောင်းအုံးမည် ။ ထွက်လာမိသည်ကိုက သူ့အမှားပင် ။

----------------------------------------------------------

" ဘာလို့အဲလ်ယားကွန်းမဖွင့်ထားတာလဲ.. ပူကပူနဲ့ "

Mg's Bodyguard (S1) [ Completed ] Donde viven las historias. Descúbrelo ahora