အပိုင်း (၄၆) [ Uni + Zaw ]

4.8K 297 41
                                    

Unicode

အာဏာ လေးလံနေတဲ့မျက်ခွံတို့အား အားယူကာ ဖွင့်ကြည့်လိုက်တော့ မျက်နာကျက်ဖြူဖြူကြီးတစ်ခုကိုတွေ့လိုက်ရသည်။ ပြီးနောက် ဝိုးတဝါးမြင်နေရတဲ့ လွှမ်းနဲ့သက်ပိုင်ရဲ့မျက်နာက သူ့မြင်ကွင်းထဲသို့အလိုလိုဝင်ရောက်လာ၏။

" အာဏာ မင်းသတိရလာပြီပေါ့ "

ခေါင်းကတော့နည်းနည်းကိုက်နေပေမဲ့ အမြင်အာရုံက တဖြည်းဖြည်းကြည်လင်လာကာ လွှမ်းနဲ့သက်ပိုင်ရဲ့မျက်နာအားသဲသဲကွဲကဲဲမြင်ရလာသည်။

" တော်သေးတာပေါ့ကွာ.. ငါတို့မင်းကိုစိတ်ပူနေတာ "

သက်ပိုင်ကလည်း ဝမ်းသာအားရပြော၏။

သို့သော် သူတို့ဘာပြောနေလဲ အာဏာစိတ်မဝင်စား ။ သူ့ခေါင်းထဲတွင် တစ်ယောက်သောသူသာရှိသည်။

" ရှင်းခ "

အာဏာ လှဲနေရာမှ အတင်းထထိုင်လိုက်၏။

" ဟာ.. အာဏာ မထနဲ့အုံးလေကွာ "

" ရှင်းခ.. ရှင်းခ ဘယ်မှာလဲ.. သူအဆင်ပြေတယ်မလား.. "

လွှမ်းက ဘာမှပြန်မဖြေဘဲ သက်ပိုင်ကိုလှမ်းကြည့်လိုက်သည်။ သက်ပိုင်ကလည်း မျက်နာမကောင်းဖြစ်နေကာ ခေါင်းကိုငိုက်ဆိုက်ချထား၏။

" ဟေ့ကောင် လွှမ်း.. ငါမေးတယ်လေ !
ရှင်းခရောလို့ .. "

" သူအဆင်ပြေပါတယ် ဒါပေမဲ့ .. ဒဏ်ရာတွေအများကြီးရထားတယ် .. သူသတိရကတည်းက မင်းအနားမှာလာနေနေတာ .. ငါတို့ ဘယ်လောက်ပြောပြောမရဘူး .. တစ်ညလုံးလည်း မအိပ်ဘဲ မင်းကိုကြည့်နေတာ .. အဲ့တာနဲ့ ငါတို့ ဆရာဝန်နဲ့တိုင်ပင်ပြီး သူသောက်မဲ့ရေထဲအိပ်ဆေးထည့်တိုက်လိုက်တယ်.. အခု သူ့အခန်းထဲမှာအိပ်ပျော်နေတယ် အာဏာ "

အာဏာ အခုမှ သက်ပြင်းချနိုင်တော့သည်။
' တော်သေးတာပေါ့ ' ဟု တွင်တွင်ရေရွတ်မိ၏။

" ငါသူ့ဆီသွားရမယ် .. "

လွှမ်းက အာဏာ့ရဲ့လက်ကိုလှမ်းဆွဲလိုက်ကာ..
" အာဏာ နေအုံးလေကွာ.. မင်း ဆေးသွင်းထားတုန်းလေ "

အာဏာ လွှမ်းရဲ့လက်ကိုခပ်မြန်မြန်ပဲ ဖြုတ်ချလိုက်ကာ လက်တွင်သွင်းထားသော ဆေးပိုက်တို့အား ဆွဲဖြုတ်လိုက်၏။

Mg's Bodyguard (S1) [ Completed ] Where stories live. Discover now