အပိုင်း (၆၃) [ Uni + Zaw ]

3.5K 155 7
                                    

Unicode

အလုပ်များတာကြောင့် ရုံးဆင်းချိန်က ပုံမှန်ထက်နောက်ကျသွားခဲ့သည်။ ဒီနေ့သည် ကုမ္ပဏီက ဋ္ဌာနတွေအားလုံးအလုပ်များသည့်နေ့ပင်ဖြစ်သည်။ ဒီတစ်ခေါက်ပရောဂျက်သည် အများကြီးအချိန်ယူပြီး ကြိုးစားထားရတာကြောင့် အာဏာသာမက ကုမ္ပဏီကလူတွေအားလုံး အတော်မျှော်မှန်းထားကြလေသည်။

" ဒီတစ်ခေါက်ပရောဂျက်ပြီးရင် ကိုယ်မင်းအတွက် ပြင်ဆင်ထားတာတစ်ခုရှိတယ် "

" ဗျာ.. ဘာပြင်ဆင်ထားတာလဲဗျ "

" လျှို့ဝှက်ချက်လေ အချစ်ရဲ့ .. "

အာဏာက ပြောပြီး ခပ်ဟဟရယ်လိုက်သည်။ ကိုယ့်ဘာကိုယ်သဘောကျမိ၍ ။
ထိုကောင်လေးအတွက် အရာအားလုံး ဖြည့်ဆည်းပေးချင်သည့် သူ့ရဲ့စိတ်ဆန္ဒက မုသားမပါ ။
အခုလည်း သူပြင်ဆင်ပေးထားသည့်အရာကို ရှင်းခကြိုက်လိမ့်မည်ဟု မျှော်လင့်မိသည်။

" စီအီးအို ဒီနေ့ဘာစားချင်လဲဗျ ၊ ကျွန်တော်ချက်ပေးမယ် .. "

" မင်းပင်ပန်းပါ့မယ် .. "

" မပင်ပန်းပါဘူးဗျ .. ကျွန်တော့်ဝါသနာပဲဟာ "

သူအလုပ်လုပ်နေသော ဘေးတွင်ထိုင်ကာ တသွတ်သွတ်ပြောနေသော ကောင်လေးအား သူအသည်းယားလှပြီ ။

" ရေခဲသေတ္တာထဲမှာ ဘာမှသိပ်မရှိတော့ဘူး ရှင်းခရဲ့ .. "

" အာ .. ဟုတ်ကဲ့ဗျ "

မျက်နာလေးတစ်ချက်ညှိုးသွားတဲ့ ရှင်းခကြောင့် အာဏာချက်ချင်းပင် လက်တော့ပ်ကိုပိတ်လိုက်ရင်း..

" ကိုယ်နဲ့သွားဝယ်ရအောင် .. "

" မဟုတ်တာဗျ .. စီအီးအို အလုပ်လုပ်နေတဲ့ဟာ "

" မင်းလောက်အရေးမကြီးပါဘူး .. "

တိကျပြတ်သားတဲ့စကားသံကြောင့် ရှင်းခရဲ့ ပါးပြင်လေးနှစ်ဖက်နွေးခနဲဖြစ်သွားကာ နှလုံးခုန်မြန်လာသည်။
စီအီးအိုမင်းအာဏာမောင်ဆိုသောသူသည် အမြဲသူ့ကိုရင်ခုန်အောင်လုပ်နေနိုင်တုန်းပဲ ။
စကားချိုချိုလေးတွေနဲ့ ဒါမှမဟုတ် ညှို့ယူနိုင်တဲ့အကြည့်တွေနဲ့ ။

" ရှင်းခ "

" ဗျာ "

" ဘာတွေငေးနေတာလဲ.. သွားမယ်လေ "

Mg's Bodyguard (S1) [ Completed ] Where stories live. Discover now