Unicode
ဒေါ်မေသက်ရှင်း ( ရှင်းခအမေ ) အခန်းထဲသို့ဝင်လာတော့ သားငယ်ဖြစ်သူ မင်းခန့်သည် ထိုင်ခုံတွင်ထိုင်ကာ စာကြည့်စားပွဲပေါ်တွင် လက်တင်လျက် မှောက်အိပ်နေသည်။
သူမသားငယ်နားသွားပြီး တိုးလျော့ညင်သာသော လေသံဖြင့် လှမ်းခေါ်လိုက်သည်။
" သားငယ် "
မင်းခန့်သည် သူ့အမေအသံကြား၍ ခေါင်းထောင်လာကာ နောက်လှည့်ကြည့်လာသည်။ ပါးပြင်တွင်လည်း ငိုထား၍ မျက်ရည်စီးကြောင်းတွေက မခြောက်သေးသည်ကိုတွေ့တော့ သူမ နောင်တရသွားသည်။ ဘယ်လိုပဲ သားငယ်မှားပါစေ သူမ လက်မပါလိုက်သင့် ။ သားကြီးက သိပ်ကိုပင်ပန်းခဲ့တာ သူမအသိဆုံးဖြစ်၍ စိတ်အရမ်းတိုမိသွားခြင်းသာဖြစ်သည်။
" လာပါအုံး သားငယ် မေမေ့စီလာပါအုံး "
ဒေါ်မေသက်ရှင်း လက်ဆန့်တန်းကာ လှမ်းခေါ်လိုက်တော့ မင်းခန့်သည် ထလာကာ သူမကိုဖက်လိုက်သည်။ အရပ်ခြောက်ပေလောက်ရှိမည့် သားငယ်သည် သူမထက် ခေါင်းတစ်လုံးစာလောက်ပိုမြင့်နေလေသည်။ သားငယ်က သူမပုခုံးပေါ်တွင်မျက်နာအပ်ကာ ရှိုက်ငိုနေလေ၏။ သူမ ရင်ထဲမကောင်းဖြစ်လာမိသည်။
" မငိုနဲ့တော့လေ သားငယ် "
ဒေါ်မေသက်ရှင်း မင်းခန့်ရဲ့ပါးပြင်မှမျက်ရည်စက်များကို လက်ဖြင့်ခပ်ဖွဖွလေးသုတ်ပေးလိုက်သည်။
" ခခ က သိပ်ပင်ပန်းခဲ့တာသား.. သားလည်းသိတာပဲ "
မင်းခန့်သည် ဘာမှပြန်မပြောဘဲ ခေါင်းကိုသာ ငုံ့ထားသည်။
" သူ ဆယ်တန်းမှာဂုဏ်ထူးငါးဘာသာတောင်ပါခဲ့တယ်.. ဆရာဝန်လိုင်းရခဲ့ရဲ့သားနဲ့ မိသားစုကိုငဲ့ပြီး ဆက်မတက်တော့တာ.. တကယ်ဆို သူတက်လို့ရတာပဲ..မိသားစုကိုပစ်ပြီး အကြွေးမဆပ်ပဲနဲ့ မင်းအဖေစုထားတဲ့ ငွေတွေကိုယူပြီး သူဆေးကျောင်းဆက်တက်လို့ရတာပဲ ဒါပေမဲ့ သူမလုပ်ခဲ့ဘူး.. အဲ့တာဘာလို့လဲသိလား "
ဒေါ်မေသက်ရှင်းသည် ပြောနေရင်းမှ ခေတ္တရပ်သွားပြီး သားငယ်ဖြစ်သူကို အကဲခတ်ကြည့်လိုက်သည်။ မင်းခန့်သည် ခေါင်းငုံ့ထားကာ အသားတို့မှာ တဆက်ဆက်တုန်ယင်နေသည်။
![](https://img.wattpad.com/cover/336121028-288-k986634.jpg)
KAMU SEDANG MEMBACA
Mg's Bodyguard (S1) [ Completed ]