အပိုင်း (၆၆) [ Uni +Zaw ]

2.7K 133 2
                                    

Unicode

" စီအီးအိုနဲ့ အဲ့အစ်မရဲ့အကြောင်း ကျွန်တော့်ကိုပြောပြလို့ရမလား အစ်ကိုလွှမ်း "

ရှင်းခရဲ့ စကားကြောင့် လွှမ်း လမ်းလျှောက်နေရာမှရပ်သွား၏။ ပင်လယ်ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့လေတို့အေးမြနေသည်။ ဟိုတယ်အနောက်ဘက်က ပန်းခြံအသေးလေးဖြစ်၍ လူသွားလူလာသိပ်မရှိပေ ။ ထိုပန်းခြံကနေ လှမ်းကြည့်ရင် ပင်လယ်ကြီးကိုပင်လှမ်း၍မြင်နေရသည်။

" အဲ့တာက မင်းကိုပြောလို့အဆင်ပြေပါ့မလား "

" ရပါတယ် အစ်ကို ၊ ကျွန်တော်ကဒီတိုင်းသိချင်ယုံပါ ကျွန်တော့်စိတ်ထဲဘာမှမထားပါဘူး "

" အစ်ကိုတို့က အရမ်းခင်တဲ့သူငယ်ချင်းတွေလေ ၊ အစ်ကိုရယ် ၊ အာဏာရယ် ၊ ဟိုကောင်သက်ပိုင်ဦးရယ် ၊ သက်ပိုင်ဦးရဲ့ဇနီး နှင်းယုသွေးရယ် ၊ ပြီးတော့ အဲ့ဒီ့မိန်းကလေး လှိုင်းသက်ထားရယ် ၊ စုစုပေါင်း သူငယ်ချင်းငါးယောက်ရှိတာ ငယ်ငယ်လေးကတည်းက သိခဲ့တာမို့လို့ အစ်ကိုတို့က တက္ကသိုလ်အထိ အမြဲအတူသွားအတူလာပဲ ၊ ပြီးတော့ ဒုတိယနှစ်လောက်ရောက်တော့ အာဏာနဲ့လှိုင်းနဲ့က လူငယ်သဘာဝချစ်ကြိုက်မိတာပေါ့ ၊ သူငယ်ချင်းလည်းဖြစ် ချစ်သူလည်းဖြစ်တော့ သူတို့နှစ်ယောက်ကတော်တော်လေးတစ်ယောက်ကိုတစ်ယောက်သံယောစဥ်ရှိကြတယ် ၊ နှစ်တွေကြာတဲ့အထိ တွဲပြီးမှ ဦးရေလှိုင်းက လှိုင်းကိုအာဏာနဲ့လုံးဝသဘောမတူဘူးလေ ၊ ဘာလို့လဲဆိုတော့ အဲ့အချိန်တုန်းက အာဏာက အိမ်ပေါ်ကဆင်းပြီး သူ့ဘဝသူရပ်တည်နေတဲ့အချိန် ငွေကြေးဆိုတာလည်း တစ်ပြားမှမရှိဘူး ၊ နောက်ပိုင်း သူတို့လမ်းခွဲလိုက်ပြီး လှိုင်းက နိုင်ငံခြားကိုပညာတော်သင်ထွက်သွားတာပဲ "

ရှင်းခက ခေါင်းလေးငုံ့လျက်စဥ်းစားနေသည်။
လွှမ်းသည် ရှင်းခစိတ်ထဲတစ်မျိုးဖြစ်သွားမည်ဆိုး၍ အမြန်ပင် ရှင်းပြရ၏။

" ရှင်းခ ဒါပေမဲ့လေ အစ်ကိုအာမခံတယ်သိလား ၊ အခု အဲ့ဒီမင်းအာဏာမောင်ဆိုတဲ့ကောင်က မင်းမှမင်းဖြစ်နေတာ ၊ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက ပြီးသွားတာဖြင့်ကြာလှပြီ အဲ့ဒီဘိုးတော်ကြီးကပဲ မပြီးနိုင်မစီးနိုင်ဖြစ်နေတာ "

Mg's Bodyguard (S1) [ Completed ] Onde histórias criam vida. Descubra agora