အပိုင်း (၇၁) [ Uni + Zaw ]

2K 79 4
                                    

Unicode

" ရှင်းခ .. ဒီမှာ ခနစောင့်နေပေးနော် ၊ ကိုယ်အဝတ်အစားလဲပြီးတာနဲ့ပြန်လာခဲ့မယ် "

ဟုဆိုကာ အာဏာသည် ရှင်းခအားချန်ထားခဲ့လျက် တဲအိမ်လေးတွေဆီသို့အပြေးသွားသည်။
အစကတော့ မလဲတော့ဘူးလို့စဥ်းစားထားပေမဲ့ အရုပ်ထဲဝင်ထားရတာကြောင့် လူတကိုယ်လုံးက ချွေးတွေစိုရွှဲနေတာ ။ ဒီလိုညစ်တီးညစ်ပတ်ပုံစံနဲ့တော့ ရှင်းခကို propose မလုပ်ချင်ပေ။ အဲ့တာကြောင့် ဒီကောင်လေးကို စိတ်မချသော်လည်း သေချာမှာပြီးချန်ထားခဲ့ရသည်။

အာဏာ ထွက်သွားပြီးနောက် ရှင်းခ သဲသောင်ပြင်လေးမှာပဲ လမ်းလျှောက်နေလိုက်သည်။ လမ်းလျှောက်သည်ဟုဆိုသော်လည်း သိပ်ဝေးဝေးသွားခြင်းမဟုတ်ပါ။ ဒီနားလေးမှာပဲ ၊ အာဏာထားခဲ့တဲ့နေရာလေးမှာပဲ နေနေခဲ့တာဖြစ်သည်။
ရုတ်တရက် တစ်ခုခုကိုတက်နင်းမိသွား၍ ရှင်းခကြည့်လိုက်တော့ ခရုခွံလေးဖြစ်နေသည်။
ဟုတ်သား ၊ ဒီလိုသဲသောင်ပြင်ပေါ်မှာ ခရုခွံလေးတွေအများကြီးရှိတတ်သည်။
ရုတ်တရက်ငယ်ငယ်တုန်းကအကြောင်းအရာများကိုတောင် သတိရမိသွားသည်။ ငယ်ငယ်တုန်းက ဒီလိုမျိုးကမ်းခြေသွားရင် သူရယ် ၊ မင်းခန့်ရယ် ၊ ချီချီရယ် ခရုပြိုင်ကောက်နေကျ ။ ဒီလိုစဥ်းစားကြည့်တော့လည်း အချိန်တွေတော်တော်ကြာခဲ့ပြီပဲ။

ရှင်းခ ခရုလေးအားလှမ်း၍ကောက်လိုက်သည်။ ဟိုနားသည်နားတွင်လည်း ထပ်တွေ့၍ ရှင်းခ တစ်ခုချင်းစီကောက်ကာ လက်ဖဝါးထဲတွင်ထည့်ထားသည်။
ကြွပ်ကြွပ်အိတ်လည်းမရှိတာကြောင့် သူ့မှာထည့်စရာမရှိပေ ။ ဒီတိုင်းလေးသာ လက်ဖဝါးလေးပေါ်တင်ထားရသည်။ သူကောက်ထားသည်မှာ ခုနှစ်ခုလောက်ပင်ရှိပြီ။ ခုနှစ်ခုလုံးကလည်းအရောင်လေးတွေလှသည်။

ရှင်းခ ရေအစပ်နားသို့သွားကာ ဆောင့်ကြောင့်ထိုင်လျက် ခရုခွံလေးများကိုရေဆေးလိုက်သည်။

" ရှင်းခ .. "

ခေါ်သံကြား၍ ရှင်းခလှည့်ကြည့်လိုက်တော့ အာဏာကသူ့အနားသို့ မပြေးရုံတမယ်လျှောက်လာသည်ကို တွေ့ရသည်။

" ဘာတွေလုပ်နေတာလဲ .. ကိုယ့်အချစ် "

ရှင်းခ နူးနူးညံ့ညံ့လေးပြုံးလိုက်ရင်း လက်ဖဝါးထက်မှ ခရုခွံလေးများအား အာဏာ့ကိုပြလိုက်သည်။

Mg's Bodyguard (S1) [ Completed ] Tahanan ng mga kuwento. Tumuklas ngayon