အပိုင်း (၄၄) [ Uni + Zaw ]

4.4K 272 12
                                    

Unicode

ရှင်းခ ဟိုတယ်သို့ Taxi နဲ့ပဲ လာခဲ့လိုက်သည်။ ဒါတောင် လမ်းမှာ ကားတွေပိတ်နေသဖြင့် အချိန်တွေကြာနေ၏။

ရှင်းခ ဟိုတယ်သို့ရောက်သောအခါ ဟိုတယ်အပေါက်ဝတွင် ရပ်နေသော နိုင်ငံခြားကုတ်နှင့် ဗလတောင့်တောင့်လူနှစ်ယောက်ကိုတွေ့ရသည်။ သူ ဟိုတယ်ထဲဝင်မလို့လုပ်သည့်အခါ ထိုလူနှစ်ယောက်ကသူ့ကိုတား၏။

" ဒီနေ့ ဟိုတယ်ပိတ်ပါတယ် .. "

ဖွင့်ထားတာမြင်နေရရက်နဲ့ ပိတ်သည်ဟုပြောနေသောကြောင့် ရှင်းခ ဒေါသထွက်သွားကာ ထိုလူနှစ်ယောက်အား တစ်ခုခုပြောတော့မည်အလုပ် အထဲ ကောင်လေးတစ်ယောက်က အမြန်ပြေးထွက်လာသည်။

" ဟဲဟဲ အစ်ကိုတို့ သူက ဒီဟိုတယ်ကဝန်ထမ်းပါ.. အလုပ်နောက်ကျနေတာရယ် "

ထိုကောင်လေးရဲ့ပြုံးဖြီးဖြီးနဲ့ပြောစကားကို ဗလတောင့်တောင့်လူနှစ်ယောက် မယုံသင်္ကါဖြစ်နေသည့်ဟန် ။

" ဝန်ထမ်းကတ်ပြ "

ရှင်းခဘက်သို့လှည့်ကာပြောသည်။

ရှင်းခကြောင်အမ်းအမ်းနှင့် ဘာလုပ်ရမလဲမသိဖြစ်နေစဥ် ကောင်လေးက ကတ်တစ်ကတ်ကိုထုတ်ကာ ထိုလူနှစ်ယောက်လက်ထဲထည့်ပေးလိုက်၏။

" ဒီမှာပါ ဒီမှာ.. သူ့ရဲ့ဝန်ထမ်းကတ်ကို မနေ့က ကျွန်တော့်အိမ်မှာကျန်ခဲ့တာ .. အစ်ကိုကလည်း တကယ့်နမော်နမဲ့ပဲ.. အဲ့တာကြောင့် ကျွန်တော်ပြောပါတယ် အများကြီးမသောက်ပါနဲ့လို့.. အခုတော့ကြည့် ဝန်ထမ်းကတ်ရော ယူနီဖောင်းရော ကျွန်တော်သယ်လာပေးရတယ်မလား "

ခပ်တည်တည်နဲ့သူ့ကိုကြည့်ကာ အပြစ်တင်နေတဲ့ ကောင်လေးကြောင့် ရှင်းခ အတော်ပင် အံ့သြသွားရသည်။ သို့သော် ကြိုတင်ပြင်ဆင်ထားသော ရှင်းခရဲ့ဝန်ထမ်းကတ်အတုနှင့် ကောင်လေးရဲ့သရုပ်ဆောင်ချက်တွေကြောင့် အောင်မြင်သွားသည်ဟု ပြောရမည်။ သူ့ကိုပေးဝင်လိုက်လေ၏။

ထိုလူနှစ်ယောက် ခပ်လှမ်းလှမ်းကိုရောက်တော့မှ ..

" မင်းကဘယ်သူလဲ "

" အာ.. ကျွန်တော်က ဆရာကြီးရဲ့လူပါ "

" ဆရာကြီး? "

Mg's Bodyguard (S1) [ Completed ] Tahanan ng mga kuwento. Tumuklas ngayon