Unicode
ခရီးဆောင်အိတ်နှစ်လုံးအား အာဏာ ကားနောက်ခန်းထဲသို့ထည့်လိုက်၏။
အင်္ကျီအပြာရောင်အကွက်လေးနှင့် အဖြူရောင်ဒူးလောက်ဘောင်းဘီလေးကိုဝတ်ထားသော ရှင်းခသည် ကလေးလေးနှင့်ပင်တူနေသည်။အာဏာသည် ရှင်းခလက်ထဲတွင် ကိုင်ထားသော ခြင်းလေးကိုကြည့်လိုက်ရင်း..
" အဲ့တာဘာလဲ ရှင်းခ "
" အာ.. လမ်းမှာ စီးအီးအိုဗိုက်ဆာရင် စားလို့ရအောင် မုန့်တချို့လုပ်ထားတာပါ.. "
အာဏာသည် သဘောတကျပြုံးလိုက်မိသည်။
ဒီကောင်လေးသည် သူ့စကားနားထောင်ရုံတင်မက သူ့အတွက်အမြဲတွေးပေးသည်။
ဒီလိုကောင်လေးမျိုးကို သူချစ်မိတာ သူ့အလွန်မဟုတ် ။ ဒီလိုကောင်လေးမျိုးကိုမှမချစ်ရင် သူဘယ်သူ့ကိုသွားချစ်ရပါ့ ။ရှင်းခသည် ခြင်းအား အာဏာ့လက်ထဲထည့်ပေးလိုက်ပြီး ခြံစောင့်အဘိုးဆီသွားကာ စကားပြောနေသည်။
Ring ~~
ဖုန်းမြည်သံကြောင့် အာဏာကြည့်လိုက်တော့ သကောင့်သား လွှမ်းလရောင်ဆီမှဖြစ်သည်။
" Hello အာဏာ "
" မနက်စောစောစီးစီး ဖုန်းခေါ်လို့ပါလား ၊ ထူးဆန်းလိုက်တာ "
" အေးကွာ ၊ ငါ့နှယ် ကောင်းကောင်းလည်း မအိပ်ရပါဘူး ရှစ်နာရီဆို ဖွင့်ပွဲစမှာမို့လို့လေ ၊ ဟိုတယ်တစ်ခုလုံးလည်း ယောက်ယှက်ခတ်နေတာပဲ "
" သြော် ၊ ဟုတ်သား.. မင်းက ဖဲကြိုးဖြတ်ပွဲတက်ရမှာပဲ "
လွှမ်းလရောင်သည်လည်း ဟိုတယ်တွင် ရှယ်ယာရှင်တစ်ဦးဖြစ်၍ ဖဲကြိုးဖြတ်ပွဲကိုတက်ရောက်ရလေသည်။ အာဏာသည် အဖေဖြစ်သူနှင့်မတွေ့ချင်၍ တမင်သက်သက် Dinnerပွဲကိုပဲတက်တာဖြစ်သည်။
" ဒါနဲ့ နေပါအုံး ၊ ငါမနေ့ကကိစ္စမေးမလို့ ၊ ဘယ်လိုလဲ မနေ့ညက ငါ့ဆိုင်တစ်ဆိုင်လုံးငှားပြီး ဘာလို့ဘာမှမဝယ်သွားတာလဲ ဟမ် ဟေ့ကောင် ၊ အဲ့တာကြီးကတော့ မလွန်လွန်းဘူးလား "
" ရှင်းခက မင်းဆိုင်ကအဝတ်အစားတွေကို မကြိုက်ဘူးတဲ့ "
" ဟာ! တကယ်ကြီးလား ၊ တကယ်ကြီး ငါ့ယောက်ဖကအဲ့လိုပြောတာလား "
![](https://img.wattpad.com/cover/336121028-288-k986634.jpg)
KAMU SEDANG MEMBACA
Mg's Bodyguard (S1) [ Completed ]