Unicode
" ရှင်းခ "
ရှင်းခ လည်ပင်းတွင်ထောက်ထားမိသော ဓားမြှောင်အား အာဏာ အမြန်ဖယ်လိုက်သည်။
" မင်းဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ ! "
" စီအီးအို အဆင်ပြေရဲ့လားဗျ .. စီအီးအိုရဲ့မျက်နာ.. "
ပုစွန်ကိုစားလိုက်မိတာကြောင့် အလက်ဂျစ်ဖြစ်ကာ အာဏာ့ရဲ့မျက်နာမှာအနည်းငယ်နီရဲနေ၏။
" ငါဘာမှမဖြစ်ဘူး.. ရှင်းခ မင်းဘာလို့ငါ့စကားကိုနားမထောင်တာလဲ "
" ကျွန်တော်က စိတ်ပူလို့ပါ "
" မင်းစိတ်ပူတာထက် ငါကမင်းကိုပိုပြီးစိတ်ပူတယ်သိလား .. အခု ဘယ်လိုလုပ်မလဲ မင်းဘယ်လိုအပြင်ပြန်ထွက်မှာလဲ ဟမ် ! "
အာဏာ ထိုသို့ဟောက်လိုက်တော့ ရှင်းခ မျက်နာလေးငယ်သွားသည်။
ရှင်းခက မျက်နာငယ်လေးနဲ့ဆိုတော့ အာဏာ ဘာမှဆက်ပြီးမပြောတော့ပေ ။
သူက ဆူတာမဟုတ် ။ ဒီကောင်လေး တစ်ခုခုထိခိုက်မှာ စိုးရိမ်မိ၍သာ ။
သူက ကိစ္စမရှိ ။ ရှင်းခသာ တစ်ခုခုဖြစ်ခဲ့ရင် ။ရှင်းခက ခေါင်းလေးငုံ့ကာ..
" ကျွန်တော် တောင်းပန်ပါတယ်ဗျ "" ထားလိုက်တော့ .. သူတို့လိုချင်တာ ငါ့ကိုပဲ.. ငါအပြင်ထွက်ပြီး သူတို့ကိုမြှားခေါ်သွားလိုက်မယ်.. အဲ့အချိန်မင်းအောက်ထပ်ကိုအမြန်ဆင်းသွား.. ပြီးရင် မီးဖိုချောင်အခန်းရဲ့ အနောက်ဖက်မှာ တံခါးပေါက်တစ်ခုရှိတယ် အဲ့ကနေထွက်သွားရင် ကားပါကင်ကိုရောက်မယ်.. အဲ့မှာငါ့ကားရှိတယ်.. "
အာဏာ ဘောင်းဘီအိတ်ထဲမှ ကားသော့ကိုထုတ်လိုက်ကာ ရှင်းခလက်ထဲသို့ထည့်ပေးလိုက်သည်။
" ကားကိုသာအတင်းမောင်းထွက်သွားလိုက်.. ပြီးရင် အိမ်ပြန်တော့ "
ရှင်းခ ခေါင်းခါလိုက်သည်။
" စီအီးအိုမပါပဲ မပြန်ဘူး "
ထိုစဥ် ခြေသံတစ်စုသည် သူတို့နားကိုနီးကပ်လာပြန်သည်။
အာဏာ သူပြောထားတဲ့အတိုင်း ထိုလူများကိုမြှားခေါ်ရန် အပြင်သို့ထွက်မည်အလုပ် ၊ ရှင်းခက သူ့လက်ကို တင်းတင်းဆွဲထား၏။
BINABASA MO ANG
Mg's Bodyguard (S1) [ Completed ]