အပိုင်း (၃) [ Uni + Zaw ]

8.5K 416 17
                                    

Unicode

ဦးမင်းဘုန်းမြတ်တစ်ယောက် ရုံးခန်းမှာထိုင်ရင်း ဒီနေ့ဖြစ်ခဲ့သည့်ကိစ္စများကို ပြန်၍စဥ်းစားနေမိသည်။ ထိုလူများသည် သူ့ကိုသတ်ဖို့အထိတော့ ရည်ရွယ်ထားပုံမရပါ။ ဒါ့အပြင် သူ့သားအရွယ်လောက်တောင်မရှိနိုင်သည့် ကောင်လေးတစ်ယောက်က လူမိုက်ဆယ်ယောက်ကိုအမှောက်သိပ်လိုက်နိုင်သည်ဆိုတာက သူ့ကိုအတော်ပင်အံ့သြသွားစေသည်။ ဆယ်ယောက်တစ်ယောက်ချတာတောင် ထိုကောင်လေးမျက်နာတွင်ဒဏ်ရာဒဏ်ချက်သိပ်များများစားစား မရလိုက်ပုံကိုကြည့်ရင် ထိုကောင်လေးသည် ကိုယ်ခံပညာတော်တော်ကျွမ်းကျင်ပုံရသည်။ ကံကောင်း၍ ဆေးရုံလိုက်ပို့ပြီးချိန်တွင် သူနာမည်မေးလိုက်မိတော့ ထိုကောင်လေးရဲ့နာမည်က " ရှင်းခနောင် " ပါတဲ့ ။

ဦးမင်းဘုန်းမြတ်ပြုံးလိုက်ပြီး ဖုန်းကိုယူကာ နံပါတ်တစ်ခုကိုဆက်လိုက်သည်။

" ရှင်းခနောင်ဆိုတဲ့ကောင်လေးရဲ့ နောက်ကြောင်းကိုစုံစမ်းပေး "

-----------------------------------------------------------

အခန်းတံခါးဖွင့်သံကြားလိုက်၍ အာဏာမျက်လုံးမှိတ်ထားရာမှဖွင့်ကာ လှမ်းကြည့်လိုက်သည်။ သူ့ရဲ့သူငယ်ချင်း လွှမ်းလရောင်နဲ့ သက်ပိုင်ဦးဖြစ်သည်။ လွှမ်းလရောင်သည် အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် ချောသည့်ထဲတွင်ပါသည်။ သက်ပိုင်ဦးကတော့ အသားညိုညို ခန္ဓာကိုယ်တောင့်တောင့်နဲ့ ကြည့်၍ခန့်သည်။

" ငါတို့လာတယ် အာဏာ "

" သြော် အေး ထိုင်ကြလေကွာ "

အာဏာ ဖြည်းဖြည်းချင်းထလိုက်ကာ ဆိုဖာတွင်ထိုင်ရန်ပြောရင်း သူပါဝင်ထိုင်လိုက်သည်။ အခန်းသည် VIP ခန်းဖြစ်၍ အခန်းတွင်းအပြင်အဆင်သည် သားသားနားနားပင် ။ အခန်းထဲတွင်လည်း ဆိုဖာခုံအကောင်းစား ၊ ကျွန်းစားပွဲနဲ့ အဆင့်မြင့်မြင့်ပြင်ဆင်ထားသည်။

" မင်းစုံစမ်းခိုင်းတဲ့ကိစ္စ ငါတို့သိလာခဲ့တယ် "

လွှမ်းရဲ့စကားကြောင့် အာဏာမျက်ခုံးပင့်လိုက်ရင်း..
" ဘယ်သူတဲ့လဲ "

" ဦးသာဟန် ၊ ဒေါ်မြတ်ပိုးနွယ်ရဲ့ အစ်ကိုဝမ်းကွဲပဲ.. မင်းကိုလုပ်ကြံတဲ့ကောင်က ဦးသာဟန်နဲ့ အဆက်အသွယ်ရှိနေတယ် "

Mg's Bodyguard (S1) [ Completed ] Donde viven las historias. Descúbrelo ahora