အပိုင်း (၇၅) (S1 End) [ Uni + Zaw ]

3.8K 91 5
                                    

Unicode

အာဏာ ရှင်းခအားအိမ်သို့လိုက်ပို့ပြီးတဲ့နောက် အရေးပေါ်အစည်းအဝေးဟူ၍ ကုမ္ပဏီသို့ဆက်သွားရသည်။ အမှန်ဆို သူရှင်းခနဲ့အတူလိုက်သွားချင်ပါသည်။ သို့သော်အစည်းအဝေးကလည်း ဘာလို့များရုတ်တရက်ပေါ်လာသလဲမသိ ။

အာဏာ အစည်းအဝေးအခန်းသို့ရောက်တော့ ရှယ်ယာရှင်တွေအားလုံးနှင့် ၊ အမှုဆောင်ဒါရိုက်တာများလည်းရောက်နေကြပြီဖြစ်သည်။ အထူးသဖြင့် ဥက္ကဋ္ဌကြီး ဦးမင်းဘုန်းမြတ်လည်း ရှိနေ၏။

" စီအီးအိုမင်းအာဏာမောင်လည်း ရောက်လာပြီဆိုတော့ အစည်းအဝေးစတာပေါ့.. "

ဦးမင်းဘုန်းမြတ်ကထိုသို့ပြောပြီးနောက် စာရွက်စာတမ်းအချို့အားထုတ်လိုက်၏။

" အားလုံးသိကြတဲ့အတိုင်းပဲ ကျွန်တော့်ကျန်းမာရေးကသိပ်မကောင်းဘူး အဲ့တာကြောင့် ကျွန်တော်မသေခင်မှာ အားလုံးကိုသေသေချာချာစီစဥ်သွားချင်တယ်.. "

ဦးမင်းဘုန်းမြတ်က သားဖြစ်သူအာဏာအားလှမ်းကြည့်လိုက်သည်။

" M.M ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌရာထူးကို စီအီးအိုမင်းအာဏာမောင်ကို ပေးပါမယ်.. "

အာဏာ ဦးမင်းဘုန်းမြတ်ရဲ့စကားကြောင့် အံ့သြသွား၏။
ရှယ်ယာရှင်များအားလုံးလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ဟိုဟိုသည်သည်တီးတိုးပြောနေကြ၏။

" ကန့်ကွက်ပါတယ်.. "

ဒါရိုက်တာအချို့ကကန့်ကွက်ကြောင်းထပြောကြ၏။
အာဏာသိပါသည်။ ဒီကုမ္ပဏီတွင် သူ့ကိုသဘောမကျသည့်သူတွေအများကြီးရှိသည်။ ပြီးတော့ ထိုသူများသည် ဒေါ်မြတ်ပိုးနွယ်၏လူများသာဖြစ်လေသည်။

" ကန့်ကွက်တဲ့သူရှိလည်း ကျွန်တော်ဂရုမစိုက်ဘူး.. ကျွန်တော်က ခင်ဗျားတို့ကို အသိပေးရုံပဲ.. အာဏာက ကျွန်တော့်ရဲ့သား.. ကျွန်တော့်ရဲ့အမွေဆက်ခံသူပဲ.. ဒီကုမ္ပဏီက သူ့အတွက်ပဲ ၊ ကျွန်တော်ပိုင်ဆိုင်သမျှအကုန်လုံးက သူ့အတွက်ပဲ.. အဲ့တာကို ခင်ဗျားတို့ကို သေချာသိထားစေချင်တယ်.. "

ဦးမင်းဘုန်းမြတ်သည် ထိုသို့ပြောပြီးနောက် နေရာမှထလိုက်၏။ အာဏာ့အနားသို့လျှောက်သွားကာ စာရွက်စာတမ်းအား အာဏာ့ရှေ့တွင်ချပေးလိုက်၏။

Mg's Bodyguard (S1) [ Completed ] Where stories live. Discover now