Unicode
စက်တင်ဘာလ 6 ရက်နေ့ ။
ပုံမှန်အတိုင်းဘဲ မနက်ခြောက်နာရီတွင် ရှင်းခ အိပ်ယာထပြီး ရေမိုးချိုးကာ မနက်စာပြင်ရန် ထွက်လာတော့ ဧည့်ခန်းက ဆိုဖာပေါ်တွင်ထိုင်နေသော အာဏာကိုတွေ့ရသည်။ အာဏာသည် အဖြူရောင်ရှပ်အင်္ကျီလက်ရှည်နှင့် စတိုင်ပင်ဘောင်းဘီအနက်ရောင်ကိုဝတ်ထားသည်။
" စီအီးအို .. ဒီနေ့အစောကြီးနိုးပါလားဗျ "
အာဏာသည် မျက်နာမကောင်း ။
" အင်း .. မင်းအခုမနက်စာပြင်မလို့လား "
" ဟုတ်တယ်ဗျ "
" မပြင်နဲ့တော့ ဒီနေ့တော့ အပြင်မှာမနက်စာစားကြတာပေါ့ .. ငါသွားစရာရှိလို့ မင်းအဝတ်အစားကိုပြန်လဲလိုက်အုံး "
ရှင်းခ ဝတ်ထားသည်ကား ထုံးစံအတိုင်း အိမ်နေရင်း အဖြူရောင်ချည်သားအင်္ကျီလေးနှင့် ဂျေဂျေဘောင်းဘီဖြစ်သည်။ ရှင်းခခေါင်းညိတ်လိုက်ကာ အခန်းထဲပြန်ဝင်လျက် နိုင်ငံခြားကုတ်ကိုအမြန်လဲဝတ်လိုက်၏။
-----------------------------------------------------------
အာဏာသည် ရှေ့ကိုသာတည့်တည့်ကြည့်ကာ ကားကို ဂရုတစိုက်မောင်းနေသည်။ သွားမည့်နေရာကို သူပဲသိသည် ဟုဆို၍ ဒီနေ့လည်း အာဏာက ကားမောင်းသည့်နေရာကို လုသွားပြန်သည်။
ပန်းဆိုင်တွင် ကျူးလစ်ပန်းအဖြူပန်းစည်းလေးကို အာဏာ ဝင်ဝယ်သေးသည်။ ' တကယ်ပဲ ဘယ်သွားမလို့များလဲ ' ဟု ရှင်းခတွေးနေမိ၏။
ကားအတွင်းတွင် တိတ်ဆိတ်မှုက ကြီးစိုးနေ၏။ အပြင်ဘက်တွင် မိုးသည် တဖွဲဖွဲရွာနေသည်။ မနက်ခြောက်နာရီကျော်လောက်ဖြစ်ပေမဲ့ မိုးအုံ့နေတာကြောင့် ပတ်ဝန်းကျင်မှာ အနည်းငယ်မှောင်နေလေသည်။
ဘယ်လောက်ထိဝေးလဲတော့မသိ ၊ ကားစီးလာတာတော့ တစ်နာရီလောက်ရှိပြီ ။ တဖြည်းဖြည်းနဲ့လည်း မြို့ပြင်သို့ရောက်လာပြီဖြစ်သည်။
ဒါပေမဲ့ မကြာခင်မှာပင် ခြံကျယ်ကြီးတစ်ခုကို လှမ်း၍တွေ့ရ၏။ ထင်းရှူးခြံကြီးဖြစ်သည်။ ထိုခြံကြီး၏ဘေးတွေတော့ အိမ်တော်ကြီးတစ်ခုရှိသည်။
YOU ARE READING
Mg's Bodyguard (S1) [ Completed ]