အပိုင်း (၂၅) [ Uni + Zaw ]

5.8K 335 9
                                    

Unicode

မင်းခန့်သည် ရှေ့တွင်ချထားသော ကော်ဖီခွက်ကို တွေတွေငေးငေးကြည့်နေသည်။

" အစ်ကို သောက်လေ "

" အင်း "

မင်းခန့် ခွက်ကိုယူကာ တစ်ငုံမော့သောက်လိုက်ပြီး ပြန်ချထားလိုက်သည်။ နှစ်ယောက်ကြားတွင် တိတ်ဆိတ်ခြင်းဟူသော ကြားခံနယ်တစ်ခု ခြားနေသည်။ သစ်ရိပ်ကလည်း မတွေ့ရသေးခင်ကသာ မနေနိုင်မထိုင်နိုင် ပြောစရာတွေများနေပေမဲ့ တကယ်တန်းလည်းတွေ့ရရော ဘာပြောရမလဲ မသိပေ ။

" အစ်ကို တစ်ခုခုစားပါအုံးလား.. ကျွန်တော် ကိတ်မှာပေးမယ်လေ "

" တော်ပြီ သစ်ရိပ် .. မင်းအခုပြောစရာရှိတာ အမြန်ပြောပါ .. အစ်ကို မအားဘူး .. အလုပ်ရှိသေးတယ် "

တကယ်လည်း လုပ်စရာအလုပ်တွေရှိသေး၍ မင်းခန့် အားမနာနိုင်တော့ပါ ။

" အစ်ကို .. ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ် "

" ရပါတယ် .. မင်းအဲ့တာပြောတာ ဘယ်နှခေါက်ရှိနေပြီလဲ .. ဒါနဲ့ အဲ့လူတွေကိုရော ဖမ်းမိလား "

" ဖမ်းမိတယ် အစ်ကို .. နောက်ကွယ်က ခိုင်းတဲ့လူကိုတော့ မသိရသေးဘူး .. ရဲတွေစစ်နေပေမဲ့လည်း သူတို့ကဘူးခံပြီးပဲငြင်းနေတယ် .. "

" အဲ့တာဆို မင်းအပြင်မထွက်သင့်သေးဘူး သစ်ရိပ် .. မင်းအတွက် အန္တရာယ်ရှိတယ်လေ "

လေသံအေးအေးနဲ့ပြောတဲ့အသံလေးသည် သစ်ရိပ်နားထဲသို့ ချိုသာစွာဝင်ရောက်လာသည်။ သစ်ရိပ် ရဲ့ ဘယ်ဘက်ရင်အုံမှ အကောင်ပေါက်မှာ တဒုတ်ဒုတ်ခုန်လျက်ရှိသည်။

' အခု အစ်ကိုက သူ့ကိုစိတ်ပူပေးနေတယ် '
ဆိုတဲ့ အတွေးနဲ့တင် သစ်ရိပ် ရင်ထဲနွေးသွားသည်။

" အခုရော ဘယ်သူနဲ့လာတာလဲ "

" ကျွန်တော့် သူငယ်ချင်းလည်းပါပါတယ် .. ပြီးတော့ ဒရိုက်ဘာလည်းပါတယ် .. ဒက်ဒီ့ရဲ့ ဘော်ဒီဂတ်နှစ်ယောက်လည်းပါသေးတယ် "

သစ်ရိပ် ဆိုင်အပြင်ဘက်တွင်ရှိနေသော အနက်ရောင် BMW ကားတစ်စီးကို လက်ညှိုးထိုးပြလိုက်သည်။

" သူတို့ အဲ့ကားထဲမှာစောင့်နေတယ် "

မင်းခန့် ခေါင်းညိတ်ပြလိုက်ပြီး လက်မှနာရီကို တစ်ချက်ကြည့်လိုက်သည်။ ၁၂ နာရီခွဲနေပြီဖြစ်သည်။

Mg's Bodyguard (S1) [ Completed ] Donde viven las historias. Descúbrelo ahora