အပိုင်း (၅၃) [ Uni + Zaw ]

4.3K 239 26
                                    

Unicode

" ကိုယ့်ကို ငြိုငြင်တာလား "

ရှင်းခ ခွီးခနဲရယ်မိတော့၏။

တကယ်ပဲ အရင်က စီအီးအို မင်းအာဏာမောင်ဆိုသောသူသည် ကြက်ပျောက်ငှက်ပျောက်ပင် ပျောက်သွားလေသလား ။
အမြဲ ခပ်တည်တည်နဲ့ သူ့ကိုဆို လိုရင်းတိုရှင်းပင် ပိုမပြောတတ်တဲ့သူ ၊ အရာရာမှာ သူ့စိတ်သဘောအတိုင်း နည်းနည်းလေးတောင် အတိမ်းအစောင်းမခံတဲ့ စီအီးအို မင်းအာဏာမောင်သည် တကယ်ပဲ ဘယ်ကိုရောက်သွားတာလဲ ။

" ရယ်နေ.. ရယ်နေ.. မင်းက ကိုယ့်ကိုဆို အမြဲရယ်နေတာပဲ.. ကိုယ်တကယ်စိတ်မကောင်းဖြစ်ရတယ် "

ဟုဆိုကာ မျက်နာလေးငယ်သွားတဲ့ အာဏာသည် စိတ်ကောက်နေတဲ့ ကလေးတစ်ယောက်လို ။

" စီအီးအို အဲ့လိုကြီး လုပ်မနေပါနဲ့ဗျ "

" ကိုယ်ကဘာလုပ်နေလို့လဲ.. "

ရှင်းခ ခေါင်းကိုခါရင်း ခပ်ဟဟရယ်မိ၏။ ပြီးနောက် လျှပ်တပျက် အာဏာအနားသို့ကပ်သွားကာ ဘယ်ဘက်ပါးပြင်သို့ ရွတ်ခနဲတစ်ချက်နမ်းလိုက်မိသည်။

ထိုအခါ စိတ်ကောက်နေသော စီအီးအို မင်းအာဏာမောင်ခမျာ ချက်ချင်းပင် ပါးစပ် နားရွက်တပ်ချိတ်တော့မယောင် ပြုံးသွား၏။

" အဟမ်း ! ရှင်းခ အဲ့တာဘာလုပ်တာလဲ .. "

" စီအီးအို .. ချစ်တယ် "

အာဏာ တစ်ယောက် ပြုံးနေရုံသာတတ်နိုင်တော့သည်။ ဒီကောင်လေးသည် နိုင်ကွက်ကို သိပ်သိလှသည်။ ဒါနဲ့ပဲ သူ့ကိုအနိုင်ယူခဲ့ပေါင်းလည်းများပြီ ။

" စီအီးအို လို့ .. "

သံရှည်ဆွဲလိုက်သော အသံလေးက တကယ် အသည်းယားစဖွယ် ။

" ကိုယ့်ကိုအသည်းယားအောင်ဆက်လုပ်နေမယ်ဆို .. "

အာဏာ ရှင်းခရဲ့နားကိုတိုးကပ်သွားလိုက်ကာ နားနားကိုကပ်လျက်..

" ကိုယ်ဆွဲနမ်းမိလိမ့်မယ် "

ရှင်းခ ပါးပြင်တို့မှာ အနည်းငယ်ပန်းရောင်သမ်းသွားလျက် မျက်နာလွှဲသွားသည်။

" ကျွန်တော်.. အမ်း.. ဟို.. ဖုန်း.. မေမေ့ဆီကိုဖုန်းဆက်ရအုံးမှာ မေ့နေတာ.. ဖုန်းသွားဆက်လိုက်အုံးမယ်နော် "

Mg's Bodyguard (S1) [ Completed ] Where stories live. Discover now