Unicode
ပုံမှန်အတိုင်း မနက်ခြောက်နာရီတွင် ရှင်းခအိပ်ရာနိုးသည်။ မျက်လုံးက အကျင့်ပါနေသလားဟုပင် ထင်ရ၏။
ကုတင်ပေါ်ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ စီးအီးကိုက ပက်လက်ကြီးလန်ပြီးအိပ်နေသည်။ ရှင်းခလည်း ဆိုဖာပေါ်မှထထိုင်လိုက်ကာ စောင်ကိုသေချာခေါက်လိုက်သည်။ ခေါက်နေရင်း ညကအကြောင်းကို ပြန်စဥ်းစားမိ၍ ရုတ်တရက် ပြုံးလိုက်မိ၏။
အစကစီအီးအိုကို အေးစက်ပြီး အတ္တကြီးမယ်လို့ထင်ခဲ့မိတာ ၊ အခုအနေနီးလာတော့မှ စီအီးအို အပြင်ပိုင်းမှာသာ အေးစက်ပေမဲ့ နွေးထွေးတဲ့သူဖြစ်ကြောင်းသိလာခဲ့သည်။ ညက သူ့ကိုစောင်လာခြုံပေးတာက သက်သေပေါ့ ။ စီအီးအို သူ့အနားလျှောက်လာမှန်းသိကတည်းက မျက်လုံးကိုတင်းတင်းမှိတ်ထားကာ အိပ်ချင်ယောင်ဆောင်နေခဲ့တာဖြစ်သည်။ နောက်ဆုံး နှလုံးခုန်ကလည်းမြန်လာပါတယ်ဆိုမှ စီအီးအိုက အနားကမသွားနိုင်လို့ ' အွန်း ' ဟုအသံပြုကာ တစ်ဖက်သို့လှည့်လိုက်ရသည်။
ရှင်းခ စောင်နဲ့ခေါင်းအုံးကို ဆိုဖာတွင်သေချာသပ်သပ်ရပ်ရပ်ထားလိုက်ပြီးနောက် အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။ စီအီးအိုအခန်းမှာလည်း ရေချိုးခန်းရှိပေမဲ့ စီအီးအိုကြိုက်မှန်းမသိ ၊ မကြိုက်မှန်းမသိ၍ အောက်ထပ်က ရေချိုးခန်းမှာပဲ ရေချိုးလိုက်သည်။
ရေမိုးချိုးပြီးတော့ စီအီးအိုက ကုမ္ပဏီသွားမှာလားလည်းမပြောတတ် ၊ မနက်စာလည်းချက်ရအုံးမှာဖြစ်၍ နိုင်ငံခြားကုတ်ကိုမဝတ်သေးပဲ ပုံမှန်အိမ်နေရင်းတီရှပ်အနက်ရောင်လေးနဲ့ ဂျေဂျေဘောင်းဘီအပြာရောင်လေးကိုထုတ်ဝတ်လိုက်သည်။ စီအီးအိုကတော့
သူ့ကိုကလေးကလားတွေဝတ်တယ် ထင်နေတော့မှာပဲလို့ တွေးမိပြီး တစ်ယောက်တည်းပြုံးနေမိပြန်သည်။စီအီးအိုက တစ်ခါတစ်လေတော့ ထထဖောက်တတ်ပေမဲ့လည်း သူ့အမြင်တွင်တော့ စီအီးအိုသည် အလုပ်ရှင်ကောင်းတစ်ယောက်ဖြစ်သည်။
ရှင်းခ မီးဖိုချောင်ထဲဝင်လာလိုက်ပြီး မနက်စာချက်ရန်ပြင်ဆင်လိုက်သည်။ ဒီနေ့တော့ ကော်ရည်ခေါက်ဆွဲလေးချက်ပေးရန် စဥ်းစားထားသည်။ အခုနောက်ပိုင်းသိလာရတာတစ်ခုရှိသေးသည်။ အဲ့တာက စီအီးအိုက သူ့လိုပဲ အစားမရွေးဘူးဆိုတာကိုပင် ။ ပုစွန်ကလွဲရင် အခြားသူဘာပဲချက်ပေးပေး အကုန်စားသည်။ စားသောက်ဆိုင်တွေမှာတောင် အစားအစာကိုကုန်အောင်မစားတဲ့ စီအီးအိုသည် သူချက်ပေးပြီး ပန်းကန်ထဲထည့်ပေးရင်ထည့်ပေးသလောက် အကုန်စားသည်က သူ့အတွက် အတော်အံ့အားသင့်ဖို့ကောင်းသည်။
![](https://img.wattpad.com/cover/336121028-288-k986634.jpg)
YOU ARE READING
Mg's Bodyguard (S1) [ Completed ]