Unicode
" ရေသန့်ဘူးလေးဘူးလောက် ဝယ်ချင်လို့ပါ ညီလေး "
" ဟုတ်ကဲ့ ခဏလေးစောင့်ပါဗျ "
ဝိတ်တာကောင်လေးသည် ထိုသို့ပြောပြီး ထွက်သွားလေသည်။ တော်တော်ကြာသည်အထိ ပြန်ရောက်မလာ ။ ဆိုင်မှာလူများနေတာဆိုတော့ ဝိတ်တာတွေလည်း ဟိုဟိုသည်သည် အပြေးအလွှားနှင့် အလုပ်များနေကြသည်။ ကြည့်ရတာ သူမှာလိုက်တာတောင်မေ့သွားပြီလားမသိ ။
" မင်းတို့အလုပ်ကိုဘယ်လိုလုပ်နေကြတာလဲ .. နမော်နမဲ့နဲ့ .. "
စူးစူးဝါးဝါးအသံသည် ရှင်းခနားထဲဝင်ရောက်လာ၏။ ရှင်းခ အသံလာရာကိုလှမ်းကြည့်လိုက်တော့ သူနဲ့နည်းနည်းအလှမ်းဝေးသည့် ဝိုင်းမှ ဧည့်သည်အမျိုးသားတစ်ယောက်နှင့် ဝိတ်တာကောင်လေးတစ်ယောက် ပြဿနာဖြစ်နေကြတာဖြစ်သည်။
" ဒီမှာကြည့် မင်းနမော်နမဲ့လုပ်လို့ ဟင်းအဆီတွေဖိနပ်ပေါ်ဖိတ်ကျသွားပြီ .. ငါ့ဖိနပ်ကဘယ်လောက်တန်တယ်မှတ်နေလဲဟမ် ! "
ထိုလူသည် သူ့ဖိနပ်ကိုလက်ညှိုးထိုးကာ ရှေ့မှ ဝိတ်တာလေးအား ရင့်ရင့်သီးသီးပြောနေ၏။
" ဒါပေမဲ့ အဲ့ဒီဟင်းအဆီက ဧည့်သည်ကိုယ်တိုင်လုပ်လိုက်လို့ပေသွားတာလေ .. "
ရင်းနီးနေသော အသံ ။
" ပြဿနာဖြစ်နေကြတာပဲ .. အစ်ကိုရေ .. ဒီမှာ အစ်ကိုမှာထားတဲ့ .. "
ရှင်းခ ဝိတ်တာပြောတာတောင် ဆုံးအောင်နားမထောင်နိုင်တော့ ၊ ရေဘူးလည်း မယူနိုင်တော့ဘဲ ပြဿနာဖြစ်နေတဲ့နေရာသို့ အပြေးသွားလိုက်သည်။
ထင်သည့်အတိုင်း မင်းခန့်နောင် ။
အခုမှပဲ အမြဲအိမ်ပြန်နောက်ကျနေတဲ့အကြောင်းကို သူသေချာသိတော့သည်။ ဒီကောင်လေး ဟိုတယ်မှာဝိတ်တာလုပ်နေ၍ ။
" မင်းခန့်နောင် ! "
မင်းခန့်သည် သူ့အစ်ကိုကိုမြင်သွား၍ မျက်နာမှာလုံးဝကိုပျက်ယွင်းသွား၏။
" သြော်.. အသိလား.. အသိရောက်လာတော့လည်း ကောင်းတာပေါ့.. ကျုပ်ဖိနပ်ကို ဘာပြန်လုပ်ပေးမှာလဲ "
![](https://img.wattpad.com/cover/336121028-288-k986634.jpg)
ESTÁS LEYENDO
Mg's Bodyguard (S1) [ Completed ]