အပိုင်း (၄၂) [ Uni + Zaw ]

6K 304 23
                                        

Unicode

ဒီနေ့ စီအီးအိုက တော်တော်ထူးဆန်းနေသည်။ ပုံမှန်ဆို နေမကောင်းဖြစ်သည်မှလွဲ၍ အလုပ်ဖွင့်ရက်ဆို ကုမ္ပဏီတစ်ခုမဟုတ်တစ်ခုအမြဲသွားတတ်သော စီအီးအိုသည် ဒီနေ့ ဘာမှလည်းမဖြစ်ပဲနှင့် ဘယ်ကုမ္ပဏီမှမသွားဘဲ မနက်စာစားပြီးကတည်းက အခန်းထဲကအပြင်မထွက်ပေ ။

ရှင်းခ ဘာမှလည်းလုပ်စရာမရှိ၍ ပန်းခြံထဲတွင် ပန်းပင်များကိုရေလောင်းနေတုန်း သက်ပိုင်နဲ့လွှမ်းတို့ရောက်လာကြသည်။ ပန်းခြံထဲကရှင်းခကိုမြင်၍ လှမ်းနှုတ်ဆက်ပြီး ခပ်မြန်မြန်ပဲအိမ်ထဲသို့ဝင်သွားကြ၏။ ရှင်းခလည်း ပန်းပင်ရေလောင်းခြင်းကို အမြန်လက်စသတ်လိုက်ကာ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။

သူအိမ်ထဲရောက်တော့ သက်ပိုင်နှင့် လွှမ်းတို့သည် အာဏာ့ရဲ့အိပ်ခန်းရှိသည့် အပေါ်ထပ်သို့တက်သွားကြပြီထင်သည်။ အရိပ်အယောင်တောင်မတွေ့ရတော့ပေ ။

ရှင်းခ ကွတ်ကီးအချို့နှင့် ကော်ဖီတို့ကိုပြင်ဆင်သည်။ သက်ပိုင်နှင့်လွှမ်းကတော့ ဘယ်လိုကော်ဖီအရသာမျိုးကြိုက်မှန်းသူမသိ၍ အဆင်ပြေလောက်မည်ထင်သည်ကို မှန်းဆကာဖျော်လိုက်သည်။ အာဏာ့အတွက်ကတော့ ကော်ဖီခါးခါးလေးတစ်ခွက်ကိုဖျော်လိုက်၏။ ကွတ်ကီးများသည် ချောကလက်ကွတ်ကီးများဖြစ်ပြီး ရှင်းခကိုယ်တိုင်လုပ်ထားခြင်းဖြစ်သည်။ ရှင်းခ သူလုပ်ထားတဲ့ကွတ်ကီးများနှင့် မုန့်ဘူးထဲမှာရှိသည့် ကွတ်ကီးများကို တစ်ပန်းကန်စီထည့်လိုက်သည်။

သူက ကွတ်ကီးကိုကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်သည်တော့မဟုတ်ပါ ။ သို့သော် သူ ကွတ်ကီးစမ်းလုပ်ကြည့်ပြီးတဲ့နေ့ကစလို့ အာဏာက မုန့်ဘူးထဲကကွတ်ကီးများကိုမထိတော့ပဲ သူလုပ်ထားသည့်ကွတ်ကီးများကို ဘူးနှင့်သက်သက်ထည့်ခိုင်းထားကာ အဲ့တာကိုပဲစားတော့၍ဖြစ်သည်။ အခုလည်း အာဏာကတော့ စားပေမဲဲ့ သက်ပိုင်နှင့်လွှမ်းစားလို့အဆင်မပြေမှာဆိုး၍ နှစ်ပန်းကန်ထည့်လိုက်ခြင်းဖြစ်သည်။

ကွတ်ကီးပန်းကန်များနှင့် ကော်ဖီသုံးခွက်ကို ဗန်းနှင့်သယ်ကာ ရှင်းခအပေါ်ထပ်သို့ဖြည်းဖြည်းချင်းတက်လာခဲ့သည်။ ပုံမှန်လူအတွက်ဆိုရင်တော့ ခက်ခဲမှာဖြစ်ပေမဲ့ ရှင်းခကကော်ဖီဆိုင်တွင် အလုပ်လုပ်ဖူးခဲ့၍ ကျွမ်းကျင်နေတာဖြစ်၏။

Mg's Bodyguard (S1) [ Completed ] Donde viven las historias. Descúbrelo ahora