အပိုင်း (၃၉) [ Uni + Zaw ]

5K 292 22
                                    

Unicode

ညဘက်ဆိုပေမဲ့လည်း မီးရောင်များကြောင့် ဆိပ်ကမ်းတစ်လျှောက်သည် လင်းထိန်နေ၏။ လူသွားလူလာလည်းမပြတ်သေးသလို ဈေးဆိုင်တန်းများလည်း စည်ကားနေဆဲဖြစ်သည်။

ရေပြင်ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့ အေးမြမြလေပြေက ရှင်းခရဲ့စိတ်တို့ကို အနည်းငယ်တော့ကြည်လင်စေလိမ့်မည်ဟု အာဏာတွေးမိ၍ ဒီကိုခေါ်လာခြင်းသာဖြစ်သည်။

" ဘယ်လိုလဲ .. မင်းစိတ်တွေရှင်းသွားပြီလား .. "

" ဟုတ်ကဲ့ဗျ "

" ငါကတော့ စိတ်တွေအရမ်းရှုပ်လာရင် ဒီနေရာကိုအမြဲလာဖြစ်တယ် .. အနည်းဆုံးတော့ လေကောင်းလေသန့်ရတယ်လေ "

ရှင်းခက ရေပြင်ကြီးအားကြည့်နေရင်းကနေ အာဏာ့ကိုလှမ်းကြည့်လိုက်သည်။ နက်မှောင်သည့်ဆံပင် ၊ အညိုရောင်သမ်းသောအသားအရေ ၊ နှာတံစင်းစင်းနဲ့ မေးရိုးထင်းထင်း ။ စတွေ့တုန်းကလို စီအီးအိုက ခန့်ညားနေတုန်းပဲ ။ ဟင့်အင်း ပိုပြီးတောင်ခန့်ညားလာသည်။

" စီအီးအို သိလား.. ကျွန်တော်ငယ်ငယ်တုန်းက စာဖိုမှူးတစ်ယောက်ဖြစ်ချင်ခဲ့တာ.. မေမေဟင်းချက်ရင် ကျွန်တော်အမြဲဝင်ဝင်ချက်တယ်.. တစ်ခုခုချက်ပြုတ်နေရရင်ကို ကျွန်တော်ကပျော်နေတာ.. ဒါပေမဲ့ ဖေဖေကတော့ အဲ့တာကိုသဘောမကျဘူး.. ဘာဖြစ်လို့လဲဆိုတော့ သူကကျွန်တော့်ကိုဆရာဝန်တစ်ယောက်ဖြစ်စေချင်တာလေ.. စာတွေအများကြီးကျွန်တော်လုပ်ခဲ့ရတယ်.. တကယ်တော့ ကျွန်တော်က စာကိုဟင်းချက်တာလောက်တောင် စိတ်မဝင်စားဘူး.. "

ရှင်းခကပြောရင်းနဲ့ရယ်သည်။ ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြယ်လေးတွေကို ဟိုတစ်ခုသည်တစ်ခုတွေ့ရသည်။

" ဒါပေမဲ့လည်း သူ့ဆန္ဒကိုကျွန်တော်မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး.. "

အာဏာ ရှင်းခရဲ့ပုခုံးတစ်ဖက်အား ခပ်တင်းတင်းဆုပ်ကိုင်လိုက်ရင်း..

" ရှင်းခ မင်းကတကယ်တော်တဲ့သူပါ .. အခုမင်းဒီလိုတွေတွေးပြီး ခံစားနေရတာက အရာအားလုံးကို မင်းကမင်းတာဝန်ဆိုပြီး ယူဆထားလို့ .. အရွယ်နဲ့မလိုက်အောင် မိသားစုဝန်တွေကိုမင်းထမ်းခဲ့ရလို့ .. "

Mg's Bodyguard (S1) [ Completed ] Opowieści tętniące życiem. Odkryj je teraz