အပိုင်း (၇၄) [ Uni + Zaw ]

1.9K 95 3
                                    

Unicode

အာဏာ့ရဲ့အနက်ရောင်ကားလေးမြင်ကွင်းမှပျောက်ကွယ်သွားပြီးတဲ့နောက် ရှင်းခ အိမ်ပေါ်သို့တက်လာခဲ့လိုက်သည်။
ဒီနေ့မနက်မေမေတို့ဆီကိုချောင်းသာကဝယ်လာတဲ့မုန့်လေးတွေနဲ့ အမှတ်တရပစ္စည်းလေးတွေသွားပေးချင်တာကြောင့် အာဏာ့အားခွင့်တောင်းကာလာခဲ့ခြင်းဖြစ်သည်။ အစကတော့ အာဏာကသူပါလိုက်ခဲ့မည်ဟူ၍ ကားနဲ့လိုက်ပို့ပေမဲ့ လမ်းတစ်ဝိုက်မှာတင် အစည်းအဝေးရှိကြောင်း ဖုန်းဝင်လာတာကြောင့် အ်ိမ်ပေါ်မတက်တော့ဘဲ ရှင်းခအားလိုက်ပို့ပြီးနောက် ကုမ္ပဏီသို့သွားလေသည်။

ဒေါက်.. ဒေါက် ။

တံခါးခေါက်သံကြား၍ ဒေါ်မေသက်ရှင်း ဟင်းအိုးအားခနမီးပိတ်ထားခဲ့ကာ တံခါးသွားဖွင့်လိုက်သည်။

" သား.. "

ဒေါ်မေသက်ရှင်းရဲ့မျက်နာတွင်အပြုံးလေးတစ်ပွင့်ဖြစ်ပေါ်လာ၏။

" မေမေ နေကောင်းရဲ့လား.. "

" နေကောင်းပါတယ် ခခ.. "

" သားမနေ့ကမှ ချောင်းသာကပြန်ရောက်တယ်.. မေမေတို့အတွက်မုန့်တွေနဲ့ အခြားလက်ဆောင်ပစ္စည်းတွေလည်းဝယ်လာတယ်.. "

" ကိုကြီး! "

စာအုပ်လေးကိုင်ကာ ထွက်လာသော ပန်းချီသည် ရှင်းခအားမြင်သောအခါ အံ့သြသွား၏။ ပြီးနောက် အပြေးလာဖက်သည်။

" လွမ်းနေတာ.. "

" ကိုကြီးလည်းလွမ်းနေတာ ချီချီ့ကို.. "

ပန်းချီသည် ရှင်းခအားမလွှတ် ၊ ဒီတိုင်းသာဖက်တွယ်ထားဆဲ။ ရှင်းခကောင်းကောင်းသိပါသည်။ ဒီကောင်မလေးသည် အင်မတန်အချွဲသန်၏။ ကျီလည်းကျီကျတတ်သေးသည်။

ရှင်းခ ပန်းချီရဲ့ခေါင်းအား ဖွဖွလေးပုတ်လိုက်ရင်း အခန်းကိုဝေ့ဝဲကြည့်လိုက်သည်။

" မင်းခန့်ရော မေမေ.. ပိတ်ရက်ကို သူအလုပ်သွားတာလား.. "

ဒေါ်မေသက်ရှင်း၏မျက်နာတွင် ဝမ်းနည်းသောအရိပ်အယောင်များဖုံးလွှမ်းသွား၏။ သူ့ကိုဖက်တွယ်ထားသော ပန်းချီ့ရဲ့လက်ကလေးများသည်လည်း ပြေလျော့သွားကာ သူ့အနားမှအနည်းငယ်ခွာလိုက်လေသည်။

Mg's Bodyguard (S1) [ Completed ] Where stories live. Discover now