အပိုင်း (၅၂) [ Uni + Zaw ]

4.3K 252 23
                                    

Unicode

အာဏာ အသိတစ်ယောက်ဆိုင်ကနေ မနက်စာလှမ်းမှာလိုက်သည်။ ရှင်းခက မုန့်ဟင်းခါးစားချင်တယ်ဟုဆို၍ မုန့်ဟင်းခါးလေးပွဲနှင့် လက်ဖက်ရည် မှာလိုက်၏။

အချိန်ခဏလောက်အကြာမှာပဲ ပို့ပေးသည့်သူရောက်လာသည်။ အသိမိတ်ဆွေတစ်ဖြစ်လည်း အာဏာတို့မိသားစုထံတွင် ကျေးဇူးအကြွေးရှိသူဖြစ်၍ အာဏာဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ အရာရာလုပ်ပေးမည့်သူဖြစ်သည်။

ရှင်းခ လာပို့သည် မုန့်ဟင်းခါးအရည်နဲ့ မုန့်ဖတ်များကို သပ်သပ်ဆီခွဲထည့်လိုက်ကာ စားပွဲပေါ်တွင် ပြင်လိုက်၏။

" စီအီးအို.. မုန့်ဟင်းခါးတွေက များလိုက်တာ .. ဘာလို့လေးပွဲတောင် မှာလိုက်တာလဲ "

" မင်း စားချင်တယ်ဆို "

" ကျွန်တော်က တစ်ပွဲဆို ဗိုက်ဝပါပြီ "

ဟင်းရည်သည် ပန်းကန်လုံးအကြီးနဲ့မှ သုံးပန်းကန်စာလောက်ရှိသည်။ ဘဲဥတွေ၊ ငှက်ပျောအူတွေ ဆိုတာလည်း အများကြီး ။

ရှင်းခ ပန်းကန်တစ်ခုထဲတွင် မုန့်ဖတ်များကိုပြင်ဆင်လိုက်ကာ ဟင်းရည်ကို သပ်သပ်ပန်းကန်နှင့်ထည့်၍ ဗန်းပေါ်တွင်တင်လိုက်သည်။

" ဘယ်သွားမလို့လဲ "

" ခြံစောင့်ဦးလေးကြီးကို သွားပေးမလို့ဗျ.. စီအီးအို စားနှင့်နော် "

အာဏာ ခေါင်းညိတ်လိုက်သည်။

-----------------------------------------------------------

ခြံစောင့်ဦးလေးကြီးသည် ပန်းခြံတွင် ပန်းပင်များကို ရေလောင်းနေလျက်ရှိသည်။ ရှင်းခလည်း ဗန်းအား ဦးလေးကြီးကိုပေးပြီးတဲ့နောက် အိမ်ထဲပြန်ဝင်လာခဲ့လိုက်သည်။

' စားနှင့်နော် ' ဟု ပြောခဲ့သော်လည်း သူပြန်ဝင်လာသည်အထိ ဘာမှမစားဘဲ ဒီတိုင်းထိုင်နေတဲ့ အာဏာ ။

သို့သော် ပြောင်းလဲသွားသည်က သူ့ပန်းကန်ထဲတွင် မုန့်ဖတ်များထည့်ပြီးဖြစ်သည်။ ဘူးသီးကြော်တွေလည်း အများကြီးထည့်ထားပေး၏။

" စီအီးအို ကျွန်တော့်ပန်းကန်ထဲမှာ ဘူးသီးကြော်တွေအများကြီးပဲ "

Mg's Bodyguard (S1) [ Completed ] Donde viven las historias. Descúbrelo ahora