Unicode
အာဏာက အကြီးအကျယ်စိတ်ဆိုးနေတာဖြစ်၍ လွှမ်း ရှင်းခအနားသို့သွားရန် အာဏာ့အလစ်ကိုချောင်းနေရသည်။ နောက်ဆုံး အာဏာကို ဆရာဝန်က လိုအပ်သည်များစစ်ဆေးရန် ခေါ်သွားသည့်အခါမှ လွှမ်း ခပ်မြန်မြန် ရှင်းခအခန်းသို့ဝင်လာလိုက်၏။
" အစ်ကိုလွှမ်း "
လွှမ်း ရှင်းခရဲ့ဖုန်းအား ရှင်းခလက်ထဲထည့်ပေးလိုက်ကာ..
" Ambulance နဲ့ခေါ်တုန်းက မရပြုရနဲ့ ဖုန်းပြုတ်ကျသွားတာထင်တယ်.. ရဲတစ်ယောက် လာပြန်ပေးတာ "
" အာ.. ကျွန်တော်က ဖုန်းပြုတ်ကျတာတောင် မသိလိုက်ဘူးဗျ.. ကျေးဇူးပါပဲ အစ်ကို.. ရဲကိုလည်း ကျေးဇူးတင်ကြောင်းပြောပေးပါဗျ "
" မင်းညီမလေး ဖုန်းဆက်သေးတယ်..တော်တော်စိတ်ပူနေတဲ့ပုံပဲ ပြီးရင်သူ့ကိုဖုန်းပြန်ဆက်လိုက်ပါအုံး "
" ဟုတ်လားဗျ .. ကျွန်တော်သူ့ကိုပြန်ဆက်ရမယ် "
" ဒါနဲ့လေ ရှင်းခ.. ဟို.. အမ်း "
လွှမ်း ဘယ်လိုစကားစရမလဲမသိ ဖြစ်နေ၏။ ' မင်းညီမလေးကိုပေးပါလား ' လို့ ပြောလိုက်ရင် ရှင်းခသူ့ကိုဘာပြန်ပြောမည်နည်း ။ ထထိုးရင် ဘယ်နှယ့်လုပ်မလဲ ဟု စဥ်းစားမိ၍ ထိုအတွေးအားပြန်ရုတ်သိမ်းလိုက်ရ၏။
" ဘာပြောမလို့လဲ "
" ဟိုဟာလေ.. အာဏာက အစ်ကိုတို့ကိုအများကြီးစိတ်ဆိုးနေတယ်.. အဲ့တာ ရှင်းခ သူ့ကိုကူပြောပေးပါအုံး.. သူကမင်းစကားဆို နားထောင်မှာ.. "
" အာ.. ဟုတ်ကဲ့ပါဗျ.. ကျွန်တော်ပြောလိုက်ပါ့မယ်.. အစ်ကိုလွှမ်းကို စီအီးအိုစိတ်မဆိုးသင့်ပါဘူး.. ကျွန်တော်က အကူအညီတောင်းခဲ့တာပဲဟာ.. "
" ဟုတ်ပါပြီ ဒါနဲ့ ရှင်းခ မင်းဘာတွေကြိုက်လဲ.. စားချင်တာရှိရင်ပြောနော်.. အစ်ကိုဝယ်လာခဲ့မယ် "
အာဏာ ဝယ်ပေးတာနဲ့တင် အားလုံးပြည့်စုံနေပြီမှန်းသိပေမဲ့ လွှမ်း နည်းနည်းရွှီးလိုက်သည်။ ယောက်ဖလောင်းကို အခုကတည်းက ဖားထားရမည်မဟုတ်ပါလား ။
" ဟုတ် ရပါတယ်ဗျ "
" လိုအပ်တာရှိရင်ပြောနော် အစ်ကို့ကို အားမနာနဲ့သိလား "
ESTÁS LEYENDO
Mg's Bodyguard (S1) [ Completed ]