အပိုင်း (၆၇) [ Uni + Zaw ]

2.4K 111 9
                                    

Unicode

ဒေါက် .. ဒေါက် ။

အထဲက ဘာမှပြန်ဖြေသံမကြားရ ။

အာဏာ ရှင်းခကိုသာ ဟိုတယ်ကအတင်းဆွဲခေါ်လာခဲ့ပေမဲ့ အိမ်ပြန်ရောက်ကတည်းက အာဏာ အခန်းထဲကအပြင်ကိုထွက်မလာတော့ပေ ။

" စီအီးအို "

ရှင်းခ လေသံအေးအေးလေးဖြင့်ခေါ်လိုက်သည်။
သူ့ရင်ထဲတွင် တင်းကြပ်နေသည်။ အာဏာမျက်ရည်ကျတာကိုမြင်ရတာဟာ သူ့ဆေးရုံတက်ရတုန်းကပြီးရင် ဒါဒုတိယမြောက်ဖြစ်သည်။ စဥ်းစားကြည့်မည်ဆို နှစ်ခါလုံးသည် သူ့ကြောင့်သာဖြစ်သည်။

" စီအီးအို ၊ အပြင်ထွက်လာပါအုံးဗျ ကျွန်တော်တောင်းပန်ပါတယ် "

ရှင်းခ တံခါးဘေးတွင် ကျောမှီကာထိုင်လိုက်သည်။သူထိုင်စောင့်မည် ။ အချိန်ဘယ်လောက်ကြာကြာ စီအီးအို ထွက်မလာမချင်း ထိုင်စောင့်နေမည်။

" တောင်းပန်ပါတယ် "

မိနစ်နှစ်ဆယ်လောက်ကြာပြီးသောအခါ အခန်းတံခါးဖွင့်လာ၏။ ရှင်းခ ပျော်သွားကာ အမြန်ပဲနေရာမှထလိုက်သည်။

" စီအီးအိုဗျ ကျွန်တော် .. "

" ငါဘာမှမကြားချင်ဘူး ရှင်းခနောင် "

စီအီးအိုရဲ့ အက်ကွဲနေတဲ့စကားသံနှင့် ဝမ်းနည်းရိပ်သန်းနေသေးသော အကြည့်တို့က ရှင်းခရဲ့ရင်ကိုစူးနစ်သွားစေသည်။

အာဏာသည့် သူ့ရှေ့တွင်ရပ်နေသော ရှင်းခအား တွန်းဖယ်၍ ထွက်သွားဖို့ပြင်သည်။ ရှင်းခက အာဏာ့ရဲ့လက်အား လှမ်းဆွဲလိုက်ကာ ..

" ကျွန်တော် တောင်းပန်ပါတယ်ဗျ "

အာဏာက ရှင်းခရဲ့လက်အားပြန်၍ ဖြုတ်ချလိုက်ရင်း ..

" မင်းကဘာအတွက်တောင်းပန်နေတာလဲ ၊ မင်းပြောခဲ့တာမမှားပါဘူး ကြည့်ရတာ ဒီဆက်ဆံရေးအတွက် ငါကပဲအရမ်းသံယောစဥ်တွယ်နေမိတာထင်တယ် "

အာဏာက ထိုသို့ပြောကာ သူ့ကိုကျောခိုင်းလျက်ထွက်သွား၏။ ရှင်းခ ဘာမှပြန်မပြောမိဘဲ ဒီတိုင်းကြည့်နေခဲ့မိသည်။

သူဘာပြန်ပြောရမှာလဲ ။
သူလည်းချစ်ပါတယ်ဆိုတာလား ။ သူလည်း သံယောစဥ်ရှိပါတယ်ဆိုပြီး ပြောရမှာလား ။

Mg's Bodyguard (S1) [ Completed ] Dove le storie prendono vita. Scoprilo ora