အပိုင်း (၆၄) [ Uni + Zaw ]

2.9K 144 5
                                    

Unicode

နူးညံ့စွာထိကပ်လာတဲ့ နှုတ်ခမ်းတစ်စုံသည် အာဏာ့အတွက်တော့ နွေးထွေးသောရပ်ဝန်းလေးတစ်ခုလို ။

စက္ကန့်ပိုင်းမျှအကြာတွင် ဖြည်းညှင်းစွာဖြင့် အနမ်းတို့ကိုရပ်တန့်လိုက်သည်။

" ရှင်းခ .. "

ရှင်းခသည် မျက်လုံးလေးများဝိုင်းလျက် ။ မျက်နာတစ်ခုလုံးကလည်း နီရဲလျက် ။

" ကျွန် .. ကျွန်တော်... "

" ချစ်တယ်.. "

" ဗျာ "

အာဏာ ရှင်းခရဲ့ဘေးတွင်ဝင်ထိုင်လိုက်ပြီး ရှင်းခရဲ့ပါးပြင်လေးနှစ်ဖက်အား လက်ဖြင့်အုပ်ကိုင်လိုက်သည်။

" အရမ်းချစ်တာမို့လို့ ကိုယ့်အနားမှာပဲအမြဲရှိသွားပေး .. "

" ဟုတ်ကဲ့ပါဗျ "

" စာချုပ်သက်တမ်းကုန်သွားခဲ့ရင် ကိုယ်နဲ့စာချုပ်ထပ်ချုပ်ရအောင် .. "

" စီအီးအိုအတွက် Bodyguard ဆက်လုပ်ပေးရမှာပေါ့ .. "

" Bodyguard မဟုတ်ပဲနဲ့ အခြားစာချုပ်ချုပ်ရအောင် "

ရှင်းခသည်နားမလည်သည့်ပုံစံလေးဖြင့် အာဏာအားအသေအချာကြည့်နေလေသည်။

" ကိုယ်နဲ့လက်ထပ်စာချုပ်ချုပ်ရအောင်လေ ရှင်းခ .. "

" ဗျာ "

ရှင်းခ ဘာပြောရမလဲ ဆိုတာ ရှာမတွေ့တော့လောက်တဲ့အထိ အံ့သြငြိမ်သက်သွားတော့သည်။

အခု စီအီးအိုက သူ့ကိုလက်ထပ်ဖို့ပြောလိုက်တာလား ။

ရှင်းခ အာဏာ့ရဲ့လက်အတွင်းဆုပ်ကိုင်ခံထားရသော သူ့လက်လေးကိုဖြည်းဖြည်းဆွဲထုတ်လိုက်သည်။

" ဘာဖြစ်လိို့လဲ ရှင်းခ "

" ကျွန်တော်တို့ ပြန်ရအောင်လေ.. ကျွန်တော် ဗိုက်ဆာနေပြီဗျ "
ဟုဆိုကာ နေရာမှထလျက် ကားပါကင်ဆီသို့ ခပ်သုတ်သုတ်ထွက်သွားသော ကောင်လေးအားကြည့်ကာ အာဏာ့ စိတ်ထဲစိုးရိမ်သွားသည်။

ရှင်းခသာ သူ့ကိုလက်မခံဘူးဆိုရင် ။

--------------------------------------------------------

ပန်းကန်လုံးထဲသို့ ထမင်းဖွေးဖွေးကိုထည့်ပြီး ပါဝင်ပစ္စည်းတွေဖြစ်သည့် မုန်လာဥ ၊ အပ်မှို ၊ သခွားသီး ၊ ကန်စွန်းရွက် ၊ ပန်းဂေါ်ဖီစသည့် ပြင်ဆင်ပြီးဖြစ်သော အစာပလာတွေကို အသပ်စီထည့်၍ပုံလိုက်သည်။ ထို့နောက် အရသာအတွက် ကိုးရီးယားငရုတ်သီးအနှစ်နှင့် အခြားလိုအပ်သည်များကိုထည့်ပြီး နယ်လိုက်တော့သည်။

Mg's Bodyguard (S1) [ Completed ] Donde viven las historias. Descúbrelo ahora