အပိုင်း (၃၂) [ Uni + Zaw ]

5.8K 327 63
                                    

Unicode

အာဏာတစ်ယောက် ဆေးသေတ္တာကိုဖွင့်ကာ အထဲမှပစ္စည်းများနှင့် အလုပ်ရှုပ်နေ၏။
လက်ဆစ်ကအနည်းငယ်အနီရောင်သမ်းနေခြင်းသည် ဆေးထည့်စရာလိုတယ်ဟုတော့ ရှင်းခ မထင် ။ သို့သော်လည်း ထပ်အော်ခံရမည်ဆိုး၍ ဘာမှတော့မပြောရဲ ။

အမှန်တော့ အာဏာလည်း ဆေးပစ္စည်းတွေအကြောင်းသိပ်မသိပါ ။ လိုအပ်လာလျှင် သုံးဖို့တော့ အရေးပေါ် ဆေးပုလင်းတွေဆောင်ထားပေမဲ့ ရှင်းခရဲ့လက်ကိုတော့ ဘာဆေးထည့်ပေးရမလဲသူမသိ ။ နောက်ဆုံးတွကိုတော့ ပိုးသတ်ဆေးပုလင်းကိုယူလိုက်ကာ အထဲမှဆေးရည်ကို ဂွမ်းနဲ့နည်းနည်းစွတ်လိုက်သည်။

" မင်းလက်ပေး "

တစ်ခွန်းမှပြန်မပြောပဲ အသာတကြည်လက်လှမ်းပေးတဲ့ ကောင်လေးကြောင့် သူ့ရဲ့မကြည်မလင်ဖြစ်နေသော မျက်နာထားမှာ အနည်းငယ်တော့ပြေလျော့သွားသည်။

ဆေးထည့်ပြီးသွားတဲ့နောက် အာဏာ ဆေးဘူးထဲကနေ ပတ်တီးတစ်လိပ်ကိုယူလိုက်သည်။

" စီအီးအို .. အဲ့လောက်ကြီးတော့ .. မလို .. "

အာဏာရဲ့ စူးရှတဲ့အကြည့်တစ်ချက်ကြောင့် ရှင်းခ ဘာမှဆက်မပြောဖြစ်တော့ပါ။

အာဏာသည် ပတ်တီးအားလိုအပ်သလောက်ဖြတ်လိုက်ပြီး ရှင်းခလက်တွင်စည်းပေးသည်။

ဆေးထည့်ပေးသည့်တစ်လျှောက်လုံး အာဏာသည် မျက်နာကသာတင်းမာနေပေမဲ့ လုပ်တာကိုင်တာကတော့ လုံးဝနူးနူးညံ့ညံ့ပါပဲ ။ ရှင်းခကို အထိခိုက်တောင်မခံနိုင်တဲ့ ပုံစံမျိုး ။

" စီအီးအို .. မနက်တုန်းက ကိစ္စ ကျွန်တော်တောင်းပန်ပါတယ်ဗျ .. ကျွန်တော် ဒီတိုင်းသူနဲ့စကားပဲရပ်ပြောတာပါ "

" စကားပဲရပ်မပြောတော့ မင်းကဘာလုပ်ချင်လို့လဲ ရှင်းခနောင် "

" ဟာ .. စီအီးအိုရာ .. အဲ့လိုမဟုတ်ဘူးလေဗျာ .. ကျွန်တော် နန်းမေ ကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတာပါ .. တကယ်အခြားဘာစိတ်မှမရှိရပါဘူး "

အာဏာက ဘာမှပြန်မဖြေ ။ တစ်ဖက်သို့လှည့်သွားကာ ဆေးဘူးများကိုပြန်သိမ်းနေသည်။

Mg's Bodyguard (S1) [ Completed ] Where stories live. Discover now