Unicode
" ဘာ ! "
အာဏာ ဘာပြောရမလဲပင် မသိတော့ ။
ဒီလောက်ကိစ္စကြီးကို သူ့ကိုမပြောဘဲထားသည်မှာ တကယ်ပင် ဒေါသထွက်စရာကောင်း၏။" မင်းအဲ့တာဘာလို့ငါ့ကိုမပြောတာလဲ "
" ငါလည်း အစက ရှင်းခရဲ့ညီမမှန်းမသိခဲ့ပါဘူးကွာ.. သိတဲ့အချိန်ကျတော့လည်း ရှင်းခ ဆေးရုံတက်နေတဲ့အချိန် မင်းငါ့တို့ကို စိတ်ဆိုးနေတဲ့အချိန်ဆိုတော့ ငါလည်း မပြောရဲခဲ့တာ.. "
" မင်း.. ! ကြိုက်စရာရှားလို့ကွာ.. ရှင်းခညီမကိုမှ.. "
" မင်းအဲ့လိုမပြောနဲ့ အာဏာ.. ဒီလောက်မိန်းကလေးတွေအများကြီးထဲမှာမှ ချီချီ့ကိုရှာတွေ့ခဲ့တာ ငါ့အတွက်ကံကောင်းခြင်းပဲ.. ငါချီချီ့ကိုချစ်တဲ့အချစ်က မင်းရှင်းခကိုချစ်တာထက် မပိုရင်တောင် လျော့တော့မလျော့ဘူးကွ ! "
တကယ် အတည်ကြီးဖြစ်နေတဲ့ လွှမ်းကြောင့် နောက်ဆုံးအာဏာပဲစိတ်လျော့လိုက်ရတော့သည်။
သက်ပိုင်ကတော့ ပြုံးစိစိနဲ့ သူငယ်ချင်းနှစ်ယောက်ကိုကြည့်လိုက် မှာထားသည်များကို စားလိုက်နှင့် သာယာနေ၏။" ဒါဆို ရှင်းခက ဒီနေ့မင်းကိုမြင်သွားတယ်ပေါ့ .. "
" အေးလို့ "
" သေလိုက်ပါတော့လား .. ငါအခု ရှင်းခကို ဘယ်လိုပြောရတော့မလဲ "
" မသိဘူး မင်းပဲငါ့ကိုပြောပေးမယ်လို့ ပြောထားတာနော်.. ပြောပြီးသားစကားပြန်မဖြတ်ရ .. "
" အဲ့တုန်းက ငါ့အချစ်မှန်းမသိလို့လေ ခွေးကောင်ရ ! "
" မင်းအချစ်က ငါ့အချစ်ရဲ့အစ်ကို.. ငါ့အချစ်က မင်းအချစ်ရဲ့ညီမ.. ဂုဏ်ယူပါတယ် သူငယ်ချင်း.. ငါတို့ယောက်ဖတော်စပ်သွားပါပြီ "
" ချီးကိုယောက်ဖ ! "
ပြုံးစိစိနဲ့ပြောလာတဲ့ သကောင့်သားလွှမ်းကြောင့် အာဏာ ဆဲရေးလိုက်မိတော့သည်။
" အယ့်မယ် ခုနကကျတော့ ငါဆိုတဲ့ မင်းအာဏာမောင်ဆိုတဲ့ကောင်က ဘယ်သူ့ကိုမှမကြောက်ဘူး .. ကဲ အခုရော ဘယ်နှယ့်လဲ "
သက်ပိုင်က ခုနက အာဏာလုပ်တဲ့ဟန်ပန်အတိုင်းလုပ်ကာ ဝင်ပြီးအရွှန်းဖောက်၏။
ŞİMDİ OKUDUĞUN
Mg's Bodyguard (S1) [ Completed ]