အပိုင်း (၃၄) [ Uni + Zaw ]

5.3K 292 33
                                    

Unicode

ပုံမှန်အတိုင်းပင် မနက်ခြောက်နာရီတွင် ရှင်းခ အိပ်ရာကနိုး၏။ သူနိုးတော့ အာဏာက ပက်လက်ကြီးလှန်ပြီး အိပ်မောကျလျက် ။ လက်တစ်ဖက်ကလည်း သူ့ရင်ဘတ်ပေါ်မှာ ။
ပြောတော့ ဖက်ခေါင်းအုံးကို မကျော်ပါဘူးတဲ့ ။ ဒါပေမဲ့ သူနားလည်ပါသည်။ အာဏာက တစ်ယောက်တည်းပဲအိပ်တာဆိုတော့ အခု အိပ်ရတာ ဘယ်လွတ်လပ်ပါ့မလဲ ။

ရှင်းခ သူ့ရင်ဘတ်ပေါ်ရောက်နေတဲ့ အာဏာရဲ့လက်ကိုဖယ်လိုက်ပြီး ထလိုက်သည်။

" ရှင်းခ "

" အာ .. စီအီးအို တောင်းပန်ပါတယ်ဗျ ကျွန်တော့်ကြောင့်နိုးသွားပြီ "

" ရပါတယ် .. "

ဟုဆိုကာ အာဏာလည်း ထထိုင်လိုက်သည်။ ပွနေတဲ့ဆံပင်ကို လက်ဖြင့်သပ်လိုက်ပြီး ကုတင်မှထလိုက်၏။

" စီအီးအို .. "

" အင်း "

" ကောင်းသောမနက်ခင်းပါ .. "

အပြုံးနှစ်ခုထပ်တူကျသွားသောအချိန်၌ အာဏာ့ရင်ထဲ လှိုင်းလေးတစ်ခုဖြတ်သန်းသွားသည်။

" ကောင်းသောမနက်ခင်းပါ .. ရှင်းခ "

----------------------------------------------------------

ရှင်းခ နယ်ထားသောဂျုံကို အလုံးလေးတွေလုပ်ကာ တစ်ဖန်ပြန်ပြီး လှိမ့်တုံးနှင့် ပြားလိုက်သည်။

" ဘာတွေလုပ်နေတာလဲ ရှင်းခ "

" ဖက်ထုပ်လုပ်နေတာပါဗျ "

ရှင်းခ ဂျုံလေးတွေကို လုံးနေရင်းကနေ လှမ်းဖြေလိုက်သည်။

" ခဏလေးစောင့်ပါနော်ဗျ .. ကျွန်တော် မြန်မြန်လုပ်ပေးပါ့မယ် "

ပြောသာပြောနေရတာ တကယ်တော့ ဖက်ထုပ်လုပ်ရမှာကကြာသည်။ ဟင်းရည်လည်း လုပ်ရအုံးမည် ။ ဒါပေမဲ့လည်း ဒီနေ့အပြောင်းအလဲဖြစ်အောင် ချက်ကျွေးချင်၏။

" ရတယ် "

အာဏာ တဖြည်းဖြည်း ရှင်းခအနားလျှောက်လာ၏။ ရှင်းခလုပ်နေကိုင်နေတာကို စိတ်ဝင်တစားကြည့်နေသည်။ ဂျုံကိုယူကာ အလုံးလေးအရင်လုပ် ပြီးရင်လှိမ့်တုံးနှင့်လှိမ့်ပြီးပြား ၊ ပြီးရင် တစ်ဖက်ပန်းကန်ထဲတွင် အသင့်လုပ်ထားပြီးသော အစာကိုယူကာ ထိုဂျုံပြားလေးထဲထည့်ပြီး ဖက်ထုပ်လှလှလေးလုပ်သည်။

Mg's Bodyguard (S1) [ Completed ] Where stories live. Discover now