Unicode
ဒီနေ့ထူးထူးခြားခြား အတော်ပင်ရွှင်မြူးနေတဲ့ လွှမ်းကို သက်ပိုင်တော်တော်မျက်စိနောက်နေပြီဖြစ်သည်။
" မင်းပါးစပ်နားရွက်တက်ချိတ်နေတာလား "
" မင်း ငါ့ကိုမဝေဖန်နဲ့ကွ.. ဟားဟား.. မင်းသိလား ချီချီကသိပ်ချစ်ဖို့ကောင်းတာ.. "
သက်ပိုင်သည် ဆေးမမှီတော့သော လွှမ်းအား ဘာမှပြောမနေတော့ဘဲ သူ့သားဆီသာထသွားတော့သည်။
ပိုင်ဦးသွေးသည် အခြားသူ့သူငယ်ချင်းများနှင့် ပြေးလွှားဆော့နေလေသည်။ မွေးနေ့ပွဲတွင် ပိုင်ဦးသွေးရဲ့သူငယ်ချင်းများနှင့် အခြားအသိမိတ်ဆွေအနည်းငယ်သာဖိတ်ထား၍ လူသိပ်မများပေ ။
ပိုင်ဦးသွေးသည် သူငယ်ချင်းများနှင့်ကစားနေရာမှ သူ့အဖေကိုမြင်လိုက်၍ အနားသို့ပြေးလာသည်။
" ဒက်ဒီ "
" အွန်း..သား ဘာဖြစ်လို့လဲ "
ပိုင်ဦးသွေးသည် လက်ထဲမှာကိုင်ထားသော ယုန်အရုပ်လေးကိုထောင်ပြရင်း..
" ဒီရာကြည့်ပါအုံး.. "
" ချစ်စရာလေးပါ သားရဲ့.. "
" သားက မိန်းကယေးမှ မယုတ်တာ "
သက်ပိုင် သားဖြစ်သူပိုင်ဦးသွေးရဲ့ စူပုတ်ပုတ်မျက်နာကိုကြည့်ကာ ရယ်ချင်လာသည်။ အခုထိလည်း စကားမပီသေးတဲ့ သားဖြစ်သူသည် စိတ်တို ၊ စိတ်ကောက်ရင် သိပ်ချစ်ဖို့ကောင်းသည်။ အဲ့တာက သူနဲ့တူတာတော့ မဖြစ်နိုင် ။ နှင်းယုသွေးနှင့် တူတာပဲဖြစ်လိမ့်မည်။
" သားရယ် လက်ဆောင်ပေးတာပဲလေ.. သားမကြိုက်ရင် သားမာမီကိုလက်ဆောင်ပြန်ပေးလိုက်ပေါ့ "
ထိုစဥ် ခြံထဲသို့ အနက်ရောက်ကားတစ်စီးဝင်ရောက်လာသည်။ ကားပေါ်မှဆင်းလာသူနှစ်ယောက်ကိုမြင်တော့ ပိုင်ဦးသွေးက ဝမ်းသာအားရဖြင့်..
" ဥဥ အာဏာ လာပြီ " ဟုအော်ရင်း အာဏာ့နားအပြေးသွားလေ၏။
" ဥဥ အာဏာ.. ဥဥ အာဏာ "
ပိုင်ဦးသွေးခေါ်တာကို ရင်းနီးနေပြီဖြစ်တဲ့ အာဏာကတော့ မထူးဆန်းပေမဲ့ ဘေးမှရှင်းခတစ်ယောက် မရယ်မိအောင် မနည်းထိန်းထားရသည်။
![](https://img.wattpad.com/cover/336121028-288-k986634.jpg)
YOU ARE READING
Mg's Bodyguard (S1) [ Completed ]