Unicode
အာဏာ ကိတ်ကိုလှီးကာ ရှင်းခရဲ့ပန်းကန်ထဲသို့ အရင်ထည့်ပေးလိုက်သည်။
စားပွဲပေါ်တွင် ကိတ်အပြင် အခြား မုန့်လေးတွေလည်းရှိသေးသည်။ ပူတင်း ၊ ကွတ်ကီးတွေနဲ့ လိမ္မော်သီးဖျော်ရည်နှစ်ခွက် ။
" မင်းဘယ်တုန်းက ဒါတွေလုပ်လိုက်တာလဲ .. "
" စီအီးအို ထွက်သွားခိုင်းလို့ အောက်ဆင်းလာပြီး ဒီမုန့်လေးတွေစလုပ်နေတာ .. ကိတ်က ကျွန်တော် ပထမဆုံးလုပ်ဖူးတာပဲ .. အရသာမကောင်းရင် တောင်းပန်ပါတယ်ဗျ "
အာဏာ ချောကလက်ကိတ်လေးကို တစ်ချက်ကြည့်ကာ ပြုံးလိုက်မိသည်။ အနားတွေ ကလည်းမသေမသပ် ၊ ပုံစံကလည်းမလှမပဆိုပေမဲ့ ရှင်းခ လုပ်ပေးထားတာဆိုတဲ့ အသိနဲ့တင် ဒီမွေးနေ့ကိတ်က ကမ္ဘာပေါ်မှာရှိတဲ့ ကိတ်တွေအားလုံးထက် အလှဆုံးဖြစ်သွားခဲ့သည်။
" လှပါတယ် .. ပထမဆုံးလုပ်တာတောင် ဒီလောက်အဆင်ပြေတာဆိုတော့ မင်းတော်တာပေါ့ ရှင်းခ .. "
' ရှင်းခ ' ဆိုသည့် အခေါ်အဝေါ်ကြောင့် ရှင်းခ ထူးဆန်းသွားသည်။ အာဏာသည် စရောက်သည့်နေ့ကစ ၊ သူ့ကို ရှင်းခ ဟူ၍ တစ်ခါမျှမခေါ်ဖူး ။ နာမည်အပြည့်အစုံသာ ခေါ်တာဖြစ်သည်။
" ဘာဖြစ်လို့လဲ .. ငါမင်းကို ရှင်းခ လို့ခေါ်လို့မရဘူးလား .. လွှမ်းတို့ သက်ပိုင်တို့တောင် မင်းကိုအဲ့လိုခေါ်နေတာပဲ .. "
" အာ .. မဟုတ်တာဗျ.. ရပါတယ်.. စီအီးအို အဆင်ပြေသလိုခေါ်ပါ "
" အင်း "
အာဏာ ကိတ်ကိုထပ်လှီးကာ သူ့ပန်းကန်ထဲထည့်လိုက်ပြီး ဇွန်းဖြင့်တစ်ဇွန်းစားလိုက်သည်။ ကိတ်သားလေးကနူးညံ့ပြီး အစပိုင်းတွင် ခါးသည့်အရသာရ၍ တဖြည်းဖြည်း ချိုသွားတဲ့အရသာမျိုး ။ ယိုကလည်း အီမနေပဲ ချိုချိုခါးခါးလေးနဲ့ ပါးစပ်ထဲမှာဖြည်းဖြည်းချင်းပျော်ဝင်သွားသည်။
" ဘယ်လိုနေလဲဗျ "
" ကြိုက်တယ် .. မင်းလုပ်ပေးတာဆို ဘာမဆိုကောင်းပြီးသား .. "
" ဒါက ပူတင်းပါ .. ဒါလေးလည်း စားကြည့်ပါဗျ စီအီးအို "
ဟုဆိုကာ ပူတင်းပန်းကန်ကို ရှေ့တိုးပေးလာတဲ့ ရှင်းခကြောင့် အာဏာ ကိတ်စားနေတာကို ခဏရပ်လိုက်ပြီး ပူတင်းကို မြည်းကြည့်လိုက်သည်။ ဆိမ့်ဆိမ့်လေးနဲ့ တစ်မျိုး စားကောင်း၏။
ŞİMDİ OKUDUĞUN
Mg's Bodyguard (S1) [ Completed ]