အပိုင်း (၅၆) [ Uni + Zaw ]

4.6K 244 24
                                    

Unicode

ဒေါက် .. ဒေါက် .. ။

အပြင်ဘက်မှ တံခါးခေါက်သံကြောင့် ရှင်းခ အင်္ကျီများကိုမီးပူတိုက်နေရင်းမှ ပလပ်ကိုခနဆွဲဖြုတ်ထားလိုက်ပြီး တံခါးသွားဖွင့်ပေးလိုက်သည်။

အာဏာသည် အပြင်ဘက်တွင် ရုပ်တည်ကြီးဖြင့် တောင့်တောင့်ကြီးရပ်နေ၏။

" မင်း ငါအင်္ကျီတွေယူသွားသေးလား "

" ဟုတ်ကဲ့ဗျ .. ကျွန်တော် လျှော်လိုက်တာပါ  "

" မင်းကိုငါခိုင်းလို့လား "

" မခိုင်းပါဘူးဗျ .. ဒါပေမဲ့ ကျွန်တော် လုပ်ပေးချင်လို့ပါ "

" ပေး ငါ့ကို .. အဲ့ဒီအင်္ကျီတွေအခုချက်ချင်းပေး "

" ကျွန်တော် မီးပူတိုက်နေတုန်း .. ခနလောက်စောင့်ပေးပါ "

" မတိုက်နဲ့တော့ အခုပေး .. "

ရှင်းခ ဘာမှဆက်မပြောနေတော့ဘဲ စားပွဲပေါ်ကတိုက်လက်စ အင်္ကျီရော အခြားကျန်သည့်အင်္ကျီများကိုပါသွားယူလိုက်ပြီး အာဏာ့လက်ထဲထည့်ပေးလိုက်သည်။

" ရပြီမလားဗျ .. "

" ဒါနဲ့ ရှင်း .. "

အာဏာပြော၍ပင်မဆုံးသေး ၊ ရှင်းခသည် တံခါးပိတ်ကာ အခန်းထဲပြန်ဝင်သွားလေ၏။

အာဏာလည်း ဆန့်တငင်ငင်ဖြစ်သွားကာ ဘာမှဆက်မပြောတော့ဘဲ အဝတ်အစားများကိုယူလျက် အပေါ်ထပ်သို့ပဲပြန်တက်လာခဲ့တော့သည်။

အပေါ်ထပ်ရောက်ကတည်းက အာဏာ ကုမ္ပဏီက အလုပ်တွေအပေါ်ကိုသာ အာရုံစိုက်ထားလိုက်ရာ အချိန်တွေသည် ကုန်မှန်းမသိ ကုန်လာခဲ့၏။

နာရီကိုမော့ကြည့်လိုက်တော့ ခြောက်နာရီတောင်ခွဲတော့မည် ။ ပုံမှန်ဆို ဒီအချိန်က သူနဲ့ရှင်းခနဲ့ ညစာစားနေကျ ။ အရင်ကတော့ သူကနောက်ကျမှစားတဲ့သူ ၊ တစ်ခါတစ်လေဆို ညစာတောင်မစားဖြစ်ပေမဲ့ ၊ ရှင်းခရောက်လာပြီးနောက်ပိုင်း ရှင်းခကစောစောစားတတ်သူဖြစ်၍ အတူတူစားခဲ့တာ ။

အာဏာ လုပ်လက်စ စာရင်းများအား လက်စသတ်လိုက်ကာ ၊ သိမ်းစရာရှိတာများသိမ်းလိုက်ပြီး အခန်းတံခါးကိုအသာဟကာ အောက်ထပ်ကို ချောင်းကြည့်လိုက်သည်။
ရှင်းခကိုကား အရိပ်အယောင်တောင်မတွေ့ ။

Mg's Bodyguard (S1) [ Completed ] Where stories live. Discover now