အပိုင်း (၁၁) [ Uni + Zaw ]

6.7K 346 22
                                    

Unicode

" ဒါ ယူမယ် "

" ဒါ ယူမယ် "

" ဒါတွေအကုန်ထည့်ပေး "

ဝင်လိုက်သမျှဆိုင်တိုင်းတွင် တွေ့သမျှအကုန်ဝယ်နေတဲ့ အာဏာကြောင့် ရှင်းခလက်ထဲတွင် အထုပ်တွေမှတစ်ပုံတစ်ပင် ။ အင်္ကျီအဝတ်အစား ၊ ရေမွှေး ၊ နာရီ နဲ့ ကုန်ကုန်ပြောရရင် ဖိနပ်ပါမကျန် အကုန်လိုက်ဝယ်နေတာဖြစ်သည်။

ဘယ်ဘက်လက်တွက်ဆယ်ထုပ် ၊ ညာဘက်လက်တွင်ဆယ်ထုပ် ။ ဒါ့အပြင် အာဏာသည် Shopping Mall တစ်ခုလုံးကို နှစ်ပတ်လောက်ပတ်ပြီးဖြစ်၍ ရှင်းခ ခြေထောက်တွေကော ၊ လက်တွေကော ညောင်းတောင့်နေပြီ ။ ဒါပေမဲ့လည်း သူရဲ့ အပြင်ပိုင်းတွင်တော့ ခပ်တည်တည်နဲ့ အေးအေးဆေးဆေးပဲဖြစ်သည်။ ပင်ပန်းသည့်အရိပ်အယောင်လုံးဝမပေါ်ပေ ။

အာဏာ ရှင်းခကိုတစ်ချက်လှည့်ကြည့်လိုက်သည်။ အထုပ်တွေအများကြီးသယ်လာရတဲ့ ရှင်းခသည် မပင်ပန်းသည့်အတိုင်း ၊ မျက်နာထားတည်တည်နဲ့တောင် သူ့ကိုကြည့်နေသေးသည်။ သို့သော် သူကြည့်နေတဲ့အချိန်မှာပဲ ရှင်းခရဲ့ ကိုယ်သည် အနည်းငယ်ယိုင်သွား၍ မျက်လုံးစုံမှိတ်ပြီး ခေါင်းကိုခါနေသည်။ အာဏာအမြန်ပဲနောက်ပြန်လျှောက်ကာ ရှင်းခ လက်ထဲမှ အထုပ်တွေအားလုံးကိုဆွဲယူလိုက်သည်။

" ဒါလေးတောင်မသယ်နိုင်ဘူး " ဟုဆိုကာ ရှင်းခ ပြန်ဖြေတာကိုတောင် မစောင့်ဘဲ ရှေ့မှလျှောက်လာခဲ့လိုက်၏။

အမှန်ဆိုသူဒါကိုပြောဖို့စောင့်နေတာဖြစ်သည်။ ရှင်းခဆိုတဲ့ကောင်လေးကခေါင်းမာပြီး ပင်ပန်းတဲ့အရိပ်အယောင်မပြလို့သာ ရွဲ့ပြီးတွေ့တာအကုန်ဝယ်နေရခြင်း ။

-----------------------------------------------------------

" ဒါသောက်လိုက် " ဟုဆိုကာ အာဏာ ရှေ့မှာချပေးထားသော သံပရာရည်ခွက်ကို ရှင်းခဘက်သို့ တိုးပေးလိုက်သည်။

မူးသည်ဆို၍ Shopping Mall ထဲကဆိုင်တစ်ခုကိုခေါ်လာပြီး သံပရာရည်မှာပေးတာတောင် ရုပ်တည်ကြီးနဲ့ သောက်ချင်သလိုလို မသောက်ချင်သလိုလိုလုပ်နေသော ရှင်းခကြောင့် ခွက်ကိုသူ့ဘက်တွန်းပေးရသည်အထိ ။

Mg's Bodyguard (S1) [ Completed ] Where stories live. Discover now