အပိုင်း (၁၇) [ Uni + Zaw ]

6.4K 354 18
                                    

Unicode

" သောက်ကျိုးနည်း.. ကားစုတ်! "

လွှမ်း စက်နှိုးမရသော ကားစုတ်ကားပဲ့ကိုကြည့်ရင်း မချိတင်ကဲရေရွတ်လိုက်သည်။

တကယ်ပါ မနက်က သက်ပိုင်ဦးအိမ်ကိုလာမယ်ဆိုလို့ သက်ပိုင်ဦးလက်ကလွတ်အောင် ပတ်ပြေးနေရတာနဲ့တင် တစ်မနက်ကုန်သွားသည်။ အခုလည်း ဗိုက်ဆာလို့ ဒီလမ်းမှာ မုန့်တီလေးဝင်သောက်ပြီး ပြန်မယ်လည်းလုပ်ရော ကားစက်ကနှိုးမရတော့ဘူး ။ ဒီကြားထဲ ဖုန်းအားကပါ ကုန်သွားသေးတယ် ။ ဒီနေ့က သူ့အတွက် တကယ့်ပြဿဒါးပါ။

စိတ်ညစ်ညစ်နဲ့ကားထဲမှရေဘူးကိုယူကာ ကားကိုမှီလျက် သောက်နေတုန်း ဘေးတိုက်မှ ကလေးများဆင်းလာကြသည်။ ကလေးဆိုပေမဲ့ ဆယ်ကျော်သက်လေးတွေပင် ။

' ကျူရှင်လွှတ်တာဖြစ်မယ် ' လို့တွေးရင်း လွှမ်း ကားကိုသာမှီရပ်ကာ သီချင်းညည်းနေမိသည်။

ထိုစဥ် milo ဘူးခွံတစ်ခုသည် သူ့ခြေထောက်ကိုလာမှန်၏။ တစ်ယောက်ယောက်ကန်လိုက်တာဖြစ်သည်။ တရားခံဖြစ်သော ရှေ့မှကောင်မလေးကို စူးစူးရဲရဲကြည့်လိုက်သည်။ မဲနက်နေသော မျက်ဝန်း ၊ နှာတံစင်းစင်း ၊ ပါးဖောင်းဖောင်းလေးနဲ့ ကောင်မလေး ။

* နတ်သမီးလေးပါလား * လို့တွေးလိုက်မိသည်အထိ ထိုကောင်မလေးသည် ပကတိချစ်ဖို့ကောင်းလွန်းသည်။

ပန်းချီသည် ကြောက်ကြောက်ရွံ့ရွံ့နဲ့နေရာတွင် ရပ်နေမိပြီး ဘေးမှ သီရိကိုလည်း မလွှတ်တမ်းဆွဲထားမိသည်။ ရှေ့ကလူကြီးသည် သူ့ကိုအသေအချာကြည့်နေသည် ။ ခေါင်းမှာလည်းပတ်တီးတွေနဲ့ လက်မောင်းမှာလည်းတက်တူးတွေကအပြည့် ။ ' ဧကန္တ လူဆိုးလူမိုက်ကြီးများလား ' ဟုတွေးရင်း ပန်းချီ လက်ဖျားတွေအေးစက်လာသည်။

ကျူရှင်အသစ်ကအိမ်နဲ့လည်းနီး၍ ဒီနောက်ပိုင်း မင်းခန့် ကိုလာမကြိုခိုင်းတော့ပဲ သီရိနဲ့သာ အတူတူပြန်တာဖြစ်သည်။ အခုခေတ်သည် ' လူဆိုးလူမိုက်တွေပေါများနေတာ တကယ်ပါလား ' ဟု ပန်းချီတွေးလိုက်မိသည်။

" ချီချီ သွား..သွားပြီးတောင်းပန်လိုက်မယ်လေဟာ.. နင့်မျက်နာကြီးကအဲ့လိုဖြစ်နေတော့ ငါပိုကြောက်လာပြီဟ "

Mg's Bodyguard (S1) [ Completed ] Donde viven las historias. Descúbrelo ahora