အပိုင်း (၁၆) [ Uni + Zaw ]

6.4K 341 19
                                    

Unicode

အာဏာ အောက်ထပ်သို့ဆင်းလာချိန်တွင်  ရှင်းခတစ်ယောက် မီးဖိုချောင်တွင် အေပရွန်လေးတကားကားနှင့် အလုပ်ရှုပ်နေသည်။

" အာ.. စီအီးအို နိုးပြီလား.. ခဏလေးစောင့်ပါဗျ.. မနက်စာရတော့မယ် "

အာဏာ ထမင်းစားစားပွဲတွင်ဝင်ထိုင်လိုက်သည်။ ဒယ်အိုးကြီးကိုမြှောက်ကာပင့်ကာဖြင့် တရှဲရှဲကြော်နေတဲ့ ရှင်းခသည် တကယ့်စားဖိုမှူးတစ်ယောက်လိုပင် ။

ရှင်းခ ပန်းကန်တွင်သေသေချာချာ ပြင်ဆင်ပြီးသွားတဲ့နောက် အာဏာ ရှေ့တွင်ချပေးလိုက်သည်။ အသီးအနှံတွေနဲ့အရောင်အသွေးစုံလင်တဲ့ ပသျှူးထမင်းကြော်ဖြစ်သည်။

ပြီးနောက် အေပရွန်ကိုချွတ်လိုက်ပြီး သူ့အတွက်လည်းယူကာ အာဏာရဲ့ဘေးကထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး..
" အမှန်တော့ ပုစွန်ထည့်ကြော်ရင်ပိုစားကောင်းတာ.. ဒါပေမဲ့ စီအီးအိုက ပုစွန်မစားလို့ ကျွန်တော် ကြက်သားနဲ့ပဲကြော်လိုက်တယ်ဗျ "

အာဏာ ခေါင်းညိတ်ကာ တစ်ဇွန်းမြည်းကြည့်လိုက်သည်။ အရသာက လုံးဝစားသောက်ဆိုင်ကောင်းကောင်းမှာ စားရသလိုမျိုးပဲ ။ တစ်စုံတစ်ယောက်က သူ့အတွက် မနက်စာပြင်ပေးတယ်ဆိုတဲ့ ခံစားချက်က ဘာလို့ရင်ထဲနွေးသွားစေရတာလဲ ။ အထူးသဖြင့် ပြင်ပေးတဲ့သူက ရှင်းခနောင်ဖြစ်နေလို့လား ။

" မဆိုးပါဘူး .. စားကောင်းသားပဲ "

" တော်သေးတာပေါ့ဗျ .. ကျွန်တော်က စီအီးအိုမကြိုက်မှာ စိုးရိမ်နေတာ "

" ငါကြိုက်တယ် "

အာဏာ ရှင်းခရဲ့မျက်လုံးကိုတည့်တည့်ကြည့်ကာပြောလိုက်သည်။ ရှင်းခမှာ ခဏကြောင်သွားပြီးမှ..

" ကြိုက်တယ်ဆိုလို့ဝမ်းသာပါတယ်ဗျ.. "

" မင်းကဟင်းလည်းချက်တတ်တာပဲ "

" ကျွန်တော် ငယ်ငယ်ကသင်ဖူးလို့ပါဗျ .. ကျွန်တော်အရင်က စားဖိုမှူးတစ်ယောက်ဖြစ်ချင်တာလေ "

" ကောင်းပါတယ် .. မင်းနဲ့စားဖိုမှူးဝတ်စုံကလိုက်မှာပဲ "

တဆက်တည်းမှာပင် အကယ်၍ ရှင်းခသာ စားဖိုမှူးဝတ်စုံဝတ်ထားရင် ဘယ်လိုများနေမလဲဟု တွေးကြည့်နေမိသည်။ တည်ကြည်အေးချမ်းနဲ့ မျက်နာလေးနဲ့ တော်တော်လိုက်မှာပဲ ။

Mg's Bodyguard (S1) [ Completed ] Where stories live. Discover now