အပိုင်း (၂၄) [ Uni + Zaw ]

5.6K 316 24
                                    

Unicode

အချိန်တွေသည် တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ရာ  လကုန်ရက်ပင်ရောက်ပြီဖြစ်သည်။ မနက်အစောကြီးပင် ရှင်းခဆီ ဦးမင်းဘုန်းမြတ်က ဖုန်းဆက်လာပြီး ဘဏ်ကတ်ထဲသို့ လစာလွှဲပေးပြီးဖြစ်ကြောင်း ဖုန်းဆက်လာသည်။
ပထမဆုံးလစာရတဲ့နေ့ဖြစ်၍ ရှင်းခ အပျော်ကြီးပျော်နေသည်။

ပရောဂျက်နီးပြီဖြစ်၍ နေ့တိိုင်းနီးပါး အာဏာ ကုမ္ပဏီသို့သွားနေရသည်။ M.M ဆောက်လုပ်ရေးကုမ္ပဏီက ဦးမင်းဘုန်းမြတ်လည်း ရှိတဲ့အတွက် လွှတ်ထားလို့ရပေမဲ့ EYES ကုမ္ပဏီကတော့ မရ ၊ စီအီးအိုလည်းမရှိတဲ့အတွက် သူတစ်ယောက်သာ အကြီးအကဲဖြစ်၍ အားလုံးကို စီမံနေရသည်။

" ရှင်းခနောင် ငါ့ကို ဘောပင်လေးတစ်ချက်လောက် "

ရှင်းခ သည် ဘောပင်ခွက်ထဲမှ ဘောပင်တစ်ချောင်းကိုယူကာ အာဏာ့ကို လှမ်းပေးလိုက်သည်။

စာရင်းဇယားတွေနဲ့ အလုပ်ရှုပ်နေတဲ့ အာဏာသည် ဒီရက်ပိုင်းတွင် အလုပ်များလွန်း၍ အိပ်ရေးတွေပါပျက်နေတာကြောင့် မျက်နာမှာ အနည်းငယ်ချောင်ကျနေသည်။

" စီးအီးအို.. ကျွန်တော် ကော်ဖီသွားဝယ်ပေးရမလားဗျ "

" နေ..နေ မဝယ်နဲ့ "

အာဏာသည် နောက်မှတကောက်ကောက်လိုက်နေရမယ်ဆိုသည့် အချက်ကြောင့်သာ ရှင်းခကို ကုမ္ပဏီခေါ်လာခြင်းဖြစ်သည်။ မဟုတ်ရင် ရှင်းခကို ခေါ်မလာချင်ပါ ။ ဘာကြောင့်လဲဆို နန်းမေကိုဆိုတဲ့ကောင်မလေးသည် ရှင်းခကိုမြင်ပြီဆိုတာနဲ့ အနားကိုသိပ်ကပ်လွန်းသည်။ ထိုကောင်မလေးနဲ့ စကားပြောခြင်း ၊ ပူးပူးကပ်ကပ်နေခြင်း ၊ ကုန်ကုန်ပြောရရင် ထိုကောင်မလေးနဲ့ ရှင်းခအား မျက်နာချင်းပင် မဆိုင်စေချင်ပါ ။ မနေ့ကလည်း နန်းမေကိုဆိုတဲ့ကောင်မလေးနှင့် ရှင်းခ စကားပြောနေတာတွေ့၍ အိမ်ပြန်ရောက်ကတည်းက ရှင်းခအား စကားမပြောဘဲ နေ၏။ ဒီနေ့မနက်မှသာ ပြန်ပြောတာဖြစ်သည်။

" ဘာဖြစ်လို့လဲဗျ စီအီးအို.. ကျွန်တော် မြန်မြန်ဝယ်ပြီး ပြန်တက်လာမယ်လေ.. ကော်ဖီသောက်လိုက်ရင် စီအီးအို ခေါင်းရှင်းပြီးစိတ်ကြည်သွားတာပေါ့ဗျ "

Mg's Bodyguard (S1) [ Completed ] Onde histórias criam vida. Descubra agora