Unicode
နှစ်ရက်လောက်အကြာတွင် ရှင်းခ ဆေးရုံကဆင်းလာခဲ့သည် ။ အာဏာက ပိုပြီးသည်းသည်းလှုပ် ဂရုစိုက်လာသည်ကလွဲရင် အရာအားလုံးက ပုံမှန်ပါပဲ ။ ဆေးရုံဆင်းလာပြီးကတည်းက အာဏာသည် ရှင်းခအား မီးဖိုချောင်ဝင်ခြင်းကို တားမြစ်ထားသည်။ ရှင်းခ စားဖို့ သူကိုယ်တိုင်စီစဥ်ပေးသည်။ အင်အားဖြစ်စေရန် ကြက်ပေါင်းရည်ကိုလည်း ကတ်လိုက်ဝယ်ချလာကာ တစ်နေ့တစ်ဘူးသောက်ခိုင်းသည်။ ပြီးတော့..
" မင်းက နေကောင်းသေးတာမဟုတ်ဘူး.. ညဘက် တစ်ယောက်တည်း တစ်ခုခုဖြစ်နေရင်ဘယ်လိုလုပ်မလဲ.. ကိုယ်နဲ့လာအိပ် "
ဟုဆိုကာ ရှင်းခရဲ့ ခေါင်းအုံးတွေကို အတင်းယူကာ အပေါ်ထပ်သယ်သွားလေရဲ့ ။
....................
ရှင်းခ ရှေ့တွင် ချထားသော ကြက်ပေါင်းရည်ဘူးကိုကြည့်ကာ နှုတ်ခေါင်းရှုံ့လိုက်မိ၏။ ပုံမှန်ဆို ဆေးသောက်ရင်တောင် ဘယ်လိုမှမနေတဲ့ ရှင်းခသည် ဒီကြက်ပေါင်းရည်ကိုတော့ တော်တော်မုန်းသည်။
" ကျွန်တော် မသောက်ဘူး "
ဟုဆိုကာ ရှင်းခ ဘူးအား အာဏာ့ဘက်သို့တွန်းပေးလိုက်၏။
" ဘာဖြစ်လို့လဲ ဒါသောက်မှ မင်းကိုယ်ခံအားကောင်းမှာလေ "
" မသောက်ဘူး "
" နည်းနည်းပဲလေ.. အကုန်မသောက်နဲ့ တစ်ဝက်ပဲသောက်လေနော် "
အာဏာ ထိုသို့ပြောကာ ဘူးအဖုံးကိုဖွင့်လိုက်ပြီး ကြက်ပေါင်းရည်နည်းနည်းကို ဇွန်းထဲထည့်လိုက်သည်။
" ရော့ တစ်ဇွန်းပဲ သောက်လိုက်နော် "
" မသောက်ဘူး "
ထိုသို့ပြတ်သားစွာဖြေပြီးနောက် ရှင်းခ ထိုင်နေရာမှထကာ ကုတင်ပေါ်တွင် သွားထိုင်နေလိုက်သည်။
" ဘာဖြစ်လို့လဲ ရှင်းခ .. နည်းနည်းပဲသောက်လို့ ကိုယ်ပြောတယ်လေ .. "
" ကျွန်တော်မှမကြိုက်တာ.. စီအီးအိုက ကျွန်တော့်ထက် အဲ့ဒီကြက်ပေါင်းရည်ကိုပိုပြီး ဦးစားပေးနေတာလား "
အာဏာ ရှင်းခရဲ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး..
" ဘာတွေပြောနေတာလည်း ရှင်းခရာ.. မင်း အားရှိအောင်လို့ ကိုယ်ကသောက်ခိုင်းတာပါ "
أنت تقرأ
Mg's Bodyguard (S1) [ Completed ]