Unicode
ကုမ္ပဏီအပြင်ဘက်က ကော်ဖီဆိုင်တစ်ခု၌ ။
" ဦးသာဟန် ခင်ဗျား ဘာကိစ္စရှိလို့ ကျွန်တော့်ဆီရောက်လာရတာလဲ "
ဦးသာဟန်သည် ဘာမှပြန်မဖြေသေးဘဲ ရှေ့မှာချထားတဲ့ ကော်ဖီကိုသာ တစ်ငုံမော့သောက်လိုက်သည်။
" ဖြည်းဖြည်းပေါ့ကွာ .. ငါကမင်းအဖေရဲ့ယောက်ဖပါကွ .. ဒီတော့ မင်းကလည်း ငါ့တူလေးတစ်ယောက်လိုပါပဲ "
အာဏာရယ်ချင်လာသည်။ တူလေးတဲ့ ။
အဲ့တူလေးကိုပဲ သူကိုယ်တိုင်လူငှားပြီး သတ်ခိုင်းခဲ့တာလေ ။" ပြီးခဲ့တဲ့လကလည်း ငါ့အိမ်ကို ဘယ်ကအောက်တန်းစားတွေလည်းမသိ ၊ ဝင်ဖောက်သွားတယ် .. မင်းလည်းသတင်းကြားမှာပါ "
ဦးသာဟန်သည် ထိုသို့ပြောပြီး အာဏာရဲ့ မျက်နာအနေအထားကို အကဲခက်နေသည်။
အာဏာသည် မျက်နာတစ်ချက်မပျက်တဲ့အပြင် ပြုံးတောင်ပြုံးလိုက်ကာ..
" ကျွန်တော်လည်းသတင်းကြားပါတယ်ဗျာ.. ပရောဂျက်ကိစ္စတွေနဲ့အလုပ်ရှုပ်နေလို့ သတင်းလာမမေးဖြစ်ခဲ့တာပါ.. ဘယ်လိုလဲ.. တော်တော်များများပါသွားလို့လား "
" အဲ့လောက်ကတော့ ငါ့အတွက်က ပမွှားလေးပါကွာ.. ငါ့တူရ.. "
ပမွှားလေးတဲ့ ။
အဲ့ပမွှားလေးကြောင့်ပဲ သွေးတက်ပြီး ဆေးရုံမှတစ်ပတ်လောက်တက်ခဲ့ရတာကို သူမသိရင်ခက်မည်။" ဦးလေးနဲ့ကျွန်တော့်ကတော့ ပြီးခဲ့တဲ့လက အညံ့ထဲရောက်နေတာလား မသိဘူးဗျာ .. ကျွန်တော့်ကိုလည်း ဘယ်အောက်တန်းစားကလေကဝကခိုင်းထားတဲ့ကောင်လဲမသိဘူး ဓားနဲ့ထိုးသွားသေးတယ်ဗျ .. ဒါနဲ့ အဲ့တုန်းကလည်း ဦးလေး ကျွန်တော့်ဆီသတင်းမေးမလာဘူးနော် "
ဦးသာဟန်ရဲ့ မျက်နာမှာ တစ်ချက်ပျက်သွားသည်။ သို့သော် ချက်ချင်းပင် အပြုံးနဲ့ပြန်ထိန်းရင်း..
" ငါလည်း အဲ့တုန်းက အလုပ်တွေများနေလို့ပါကွာ.. မင်းသတင်းလည်းကြားပါတယ်.. မင်းအဖေကိုတောင်ဖုန်းဆက်ပြီး ငါသတင်းလှမ်းမေးပါသေးတယ် "
" သြော် .. ကျွန်တော် မသိလိုက်ဘူးဗျ .. ဦးလေးလည်း ဂရုစိုက်ပါအုံး .. တော်ကြာ အဲ့အောက်တန်းစားတွေလက်ချက်နဲ့ ဦးလေးရဲ့ စည်းစိမ်တွေအကုန်ပြုတ်သွားအုံးမယ် "
YOU ARE READING
Mg's Bodyguard (S1) [ Completed ]