' ဒယ်ဒီ....'
' ပြောပါခင်ဗျာ '
' လီ ကိုရီးယားမှာကျောင်းတက်ချင်တယ် '
' ဘာလို့လည်း လီ ဒယ်ဒီတို့ဒီမှာအဆင်ပြေနေတာဘဲမဟုတ်ဘူးလား '
' အဆင်ပြေပေမယ့် လီ ကိုရီးယားကိုသွားချင်တယ် ဒယ်ဒီနဲ့မာမီစတွေ့ခဲ့တဲ့ကိုရီးယားမှာကျောင်းတက်ချင်တယ် '
' လီ့ စိတ်ကိုဒယ်ဒီနားလည်ပေမယ့် ဒယ်ဒီအလုပ်တွေကဒီမှာအခြေချထားတာလေ '
' ဒယ်ဒီလိုက်ပေးစရာမလိုပါဘူးလီဘဲသွားမယ် ဒယ်ဒီကခွင့်ပြုပေးရုံဘဲ '
' ဘယ်လို ဒယ်ဒီစိတ်မချဘူးလေ လီ ဒယ်ဒီ့မှာလီတစ်ယောက်တည်းရှိတာလေ'
' ဒယ်ဒီကလည်း လီကအသက်ပြည့်သွားပါပြီ လီ့ကိုခွင့်ပြုပေးပါနော် '
' လီ ဒယ်ဒီ့ကိုအခုလောက်မြန်မြန်ခွင့်ပြုချက်တော့မတောင်းရဘူးလေ ကျောင်းတွေဖွင့်ဖို့တစ်လလိုပါသေးတယ် ဒယ်ဒီကိုစဥ်းစားချိန်ပေးအုံး '
' နောက်မကျစေဖို့တော့မျှော်လင့်တယ် ဒယ်ဒီ ဒါဆိုကောင်းသောညလေးပါနော် '
' ကောင်းသောညလေးဖြစ်ပါစေလီ '
သမီးဖြစ်သူထသွားတော့မှလက်ထဲကဖုန်းကိုထုတ်လိုက်သည်။
' ဟယ်လို....'
' ဟုတ်ကဲ့ ဥက္ကဋ္ဌကြီးဘာကိစ္စရှိလို့ပါလည်း '
' ငါ့သမီးအတွက်ကိုရီးယားကသူ့အမေတက်ခဲ့တဲ့ကိုယ်ပိုင်အထက်တန်းကျောင်းကိုစုံစမ်းပေးပါနောက်ပြီးbank cardတစ်ခုကိုငါ့သမီးနာမည်နဲ့ကိုရီးယားမှာဖွင့်ထားပေး '
' ဟုတ်ကဲ့ ကျွန်တော်တက်နိုင်သမျှအမြန်ဆုံးဆောင်ရွက်လိုက်ပါ့မယ် ဥက္ကဋ္ဌကြီး '
' နောက်ပြီး ကိုရီးယားcompanyကစိတ်ချရတဲ့လူယုံမိန်းကလေးတစ်ယောက်လိုချင်တယ် ငါ့သမီးလိုအပ်သမျှကိုအကုန်လုပ်ပေးနိုင်မယ့်လူ ကားမောင်းဖို့ကအစသွားလာဖို့အဆုံးအကုန်စီစဥ်ပါ ကျောင်းအကြောင်းကတော့ငါ့ကိုအမြန်အကြောင်းကြားပါ '
' ဟုတ်ကဲ့ ဥက္ကဋ္ဌကြီးကျွန်တော်သေချာဆောင်ရွက်လိုက်ပါ့မယ် '