အဖေဟာဂျိန်းကိုကြည့်လိုက်ပြုံးလိုက်နှင့်အမေဟာလည်းသိပ်သဘောကျနေလေသည်။
' သမီးကိုယ်ဝန်ကဘာလေးတဲ့လည်း'
' သမီးလေးတဲ့ဖေဖေ '
' အမလေးဝမ်းသာလိုက်တာ အဖိုးဖြစ်ရတော့မယ်ခံစားချက်ဘဲ ဒါနဲ့သမီးတို့ကဒီကိုဘယ်လိုပြန်လာတာလည်း '
' မာနိုပေါ့ဒယ်ဒီ လက်ထပ်တုန်းကလည်းအသိမပေးလို့ကလေးရတော့မယ့်အချိန်ကိုတော့အသိပေးရမယ်ဆိုပြီးသူဘဲ ပြန်ခေါ်လာတာ '
ထိုအခါမှာတော့အဖေဟာမာနိုကိုကြည့်ကာ။
' အင်း ကျေးဇူးပါသမီးလီဆာ '
' အာ ဟုတ်ကဲ့အန်ကယ်ရပါတယ် '
' ဒါပေမယ့်သမီးတို့သိတဲ့အတိုင်းသမီးတို့ကိုရီးယားမှာနေဖို့ကမဖြစ်နိုင်ဘူးလေ '
' ဟင် ဘာလို့လည်းအဖေ '
' အဖေကတခြားအဓိပ္ပာယ်နဲ့ပြောတာမဟူတ်ပါဘူးဒီနိုင်ငံမှာကလိင်တူကိစ္စတွေအတွက်သိပ်ကိုခက်ခဲတယ် အဲ့တာကြောင့်သမီးကိုယ်ဝန်ကိစ္စအခက်တွေ့မှာဆိုးတယ်ဒါကြောင့်မို့အဖေတို့အမေရိကားကိုလိုက်ခဲ့မယ် မြေးလေးမမွေးမချင်းအမေရိကားမှာဘဲနေအုံးမယ် '
' တကယ်လားအဖေ '
' တကယ်ပါဗျာ '
' ပျော်လိုက်တာ အမေသမီးကိုဟင်းတွေချက်ကျွေးပါအုံးအမေ့လက်ရာလေးလွမ်းနေတာ '
' ဖြစ်စေရမှာပေါ့ သက်သောင့်သက်သာခနထိုင်ကြအုံး အန်တီကြီးရေသမီးအခန်းကိုသန့်ရှင်းရေးပြန်လုပ်လိုက်ပါအုံး '
' ဟုတ်ကဲ့သူဠေးကတော် '
' သမီးနဲ့လီဆာထိုင်နေကြနော် အမေထမင်းပွဲသွားပြင်လိုက်မယ် '
'.ဟို လီလီကူညီပေးပါ့မယ် အန်တီ '
' ရပါတယ်ခရီးပန်းလာမှာပေါ့ထိုင်နေပါ '
' ရတယ်အန်တီ လီလီအန်တီဘယ်လိုဟင်းချက်မလည်းကြည့်ချင်လို့ပါနောက်ကျရူဘီကိုအန်တီချက်သလိုပြန်ချက်ကျွေးရအောင် ရူဘီကညဘက်တွေဆိုအန်တီလက်ရာကိုစားချင်တယ်အမြဲပြောနေတာ '
