58(Chapter end)

4K 143 13
                                        

'မာမီ'

'ပြောလေသမီး'

'မာမီနဲ့နိုရာတိုင်ပင်စရာရှိလို့'

'ဟုတ်လား လာထိုင်ပါအုံးသမီးကဘာတိုင်ပင်ချင်တာတုန်း'

သမီးလေးဟာအခုဆိုအသက်၂၀အရွယ်တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်နေလေပြီ လီ့ကိုချစ်လွန်းတဲ့သမီးဟာဆေးအမှတ်မှီတာတောင်စည်းပွါးရေးကိုမာမီအလုပ်တွေကူချင်သည်ဟူသောစကားလေးနှင့်စီးပွါးရေးမေဂျာကိုယူခဲ့တာပင် ကြီးလာတာနှင့်အမျှချောလာတဲ့သမီးလေးဟာဂျိန်းနဲ့တူသလောက်အရပ်အမောင်းတွေကတော့လီနဲ့သာတူသည် တဖြည်းဖြည်းအရွယ်ရောက်ကာပြောင်းလဲလာသော်လည်းမပြောင်းလဲတာကတော့လီ့ကိုသူ့မားမားနဲ့အခုထိလုနေတက်တဲ့အကျင့်ပင်။

'မာမီ နိုရာမိန်းကလေးတစ်ယောက်ကိုချစ်မိနေပြီထင်တယ်'

'ဟေ မှန်းစမ်းအခုကောင်မလေးကိုလိုက်ပိုးဖို့မာမီဆီကအကြံတောင်းမလို့လား'

'မဟုတ်ဘူးမာမီသူကသမီးကိုချစ်ခွင့်ပန်ထားတာအထက်တန်းပြီးကတည်းက သမီးကအခုမှ'

   ပြောရငါးခေါင်းငုံ့ကာအသံတိုးသွားတဲ့သမီးကြောင့်သမီးရှက်နေပြီဆိုတာလီခံစားမိပါသည် လီလည်းထိုအရွယ်ကိုကျော်ဖြတ်လာရတာမဟုတ်လား။

' ချစ်မိတယ်ဆိုပါတော့'

'ဟီးးး ဟုတ်တယ်မာမီ'

'ဆိုတော့သမီးကမာမီနဲ့ဘာတိုင်ပင်ချင်လို့လည်း'

'ဟို သမီးသူ့ကိုအဖြေပေးလိုက်တော့ရင်ကောင်းမလားလို့မာမီ ရည်းစားထားဖို့မာမီအသိအမှတ်ပြုတာလည်းလိုချင်တယ်'

'သမီးသူ့ကိုတကယ်ချစ်လား'

'ချစ်တာပေါ့မာမီနဲ့မားမားပြီးရင်သူကတန်ဖိုးအရှိဆုံးလို့ခံစားရတယ်နောက်ပြီးသူကချစ်စရာသေးသေးလေးမာမီတွေ့ရင်လည်းချစ်မှာ အာ...မှားလို့မာမီကတော့ချစ်လို့မရဘူးနိုရာကိုဘဲချစ်မားမားကမဟုတ်ရင်အသေသတ်လိုက်မယ်'

ထိုမိန်းကလေးအကြောင်းပြောနေတဲ့သမီးမျက်ဝန်းတွေဟာလီ့လူငယ်ဘဝကိုသတိရစေသည်။

Bond Of LoveWhere stories live. Discover now