12

1.5K 124 4
                                    

     ဒီတလောစိတ်နဲ့လူနဲ့မကပ်ဖြစ်နေတဲ့လီ့ကိုချယ်ကြည့်နေမိသည် လီခံစားနေရမှာကိုချယ်အမုန်းဆုံးပင် လီဟာချယ့်နှလုံးသားသူအဆင်ပြေဖို့ဆိုချယ်ဘာမဆိုလုပ်ပေးမိမှာပါဘဲ။

    ' လီ....'

   ' ချယ် ပြောလေ '

  ' ဘာဖြစ်နေတာလည်းဟင် စိတ်အဆင်မပြေဘူးလား '

     လီဟာသက်ပြင်းချကာအဝေးကိုငေးကြည့်နေခဲ့သည်။

   ' အချစ်ဆိုတာတားစီးလို့ရမယ်လို့နင်ထင်လားချယ် '

    ' ဟင့်အင်း ငါမထင်ပါဘူး ငါတို့တားစီးလို့မရနိုင်ဘူးဒါပေမယ့်ငါတို့ထိန်းချုပ်လို့ရနိုင်တယ် အချစ်ဆိုတာချစ်မိပြီဆိုတာနဲ့အချစ်တွေကအမြဲပိုလျှံနေတော့မှာငါတို့ကအဲ့တာကိုလမ်းကြောင်းသေချာထိန်းပြီးချစ်တက်ဖို့ဘဲလိုပါတယ်'

       ' ငါလေ...ငါ....ငါရူဘီကိုချစ်မိသွားပြီထင်တယ် '

     ' ကြောက်ဖို့ကောင်းတဲ့အခန်းဖော်ကိုဘာလို့ကြိုက်တာလည်းလီ နင်အများကြီးရွေးလို့ရတာဘဲ '

       ဒရူးရဲ့အပြောကိုလီဟာငြင်းဆိုသည်

    ' ငါရွေးချယ်လို့ရရင်ရွေးချယ်ချင်တာပေါ့ ဒါပေမယ့်ငါ့နှလုံးသားကရူဘီကိုရွေးချယ်လိုက်တာငါကဘယ်လိုလုပ်ပြောင်းလဲနိုင်မလည်း '

      ' ခက်တယ် လီရယ် ရူဘီဂျိန်းကအဆင်မပြေလောက်ဘူးအရမ်းပြတ်သားလွန်းမယ့်ပုံဘဲ နင်ခံစားရလိမ့်မယ် '

     ' နောက်တစ်ခုကသူကကိုရီးယား ကိုရီးယားတွေကဂေးကိုဘယ်လောက်ကန့်ကွက်လည်းဆိုတာ မဖြစ်နိုင်ဘူးလေလီ'

     ' ဒါပေမယ့်ငါဘယ်လိုလုပ်နိုင်မလည်း ငါ...ငါချစ်မိနေခဲ့ပြီ '

   ' လီရယ် '

    ချယ်ဟာလီ့ကိုပွေ့ဖက်နေခဲ့သည်။

    ' လီအခုဘာဖြစ်ချင်လည်း '

    ' သူ့အနားမှာရှိချင်တယ် သူ့ကိုလိုအပ်နေတယ် ငါဘယ်လိုလုပ်ရမလည်းဆိုတာလည်းမသိပါဘူးဟာ '

   ' ငါကတော့ဖွင့်ပြောဖို့တိုက်တွန်းတယ် '

    ' ချယ် '

Bond Of LoveWhere stories live. Discover now