ကျောင်းဆင်းချိန်အတွက် ဂျိန်းပြန်လာမည့်ဘေဘီနဲ့သမီးကိုအိမ်ကနေစောင့်နေခဲ့သည် ခြံထဲကိုကားဝင်လာတာကြောင့်ပြုံးလိုက်သော်လည်းအရင်လိုပြုံးပျော်နေတာမျိုးမဟုတ်ဘဲ ဆူပုတ်ကာကားပေါ်ကဆင်းလာကာ လီလီကဘာကိုမှသိပ်နားမလည်တဲ့ပုံစံပင်။
'သမီးဘာဖြစ်လာတာလည်း'
'မာမီဘာလို့အဲ့လောက်ချောနေတာလည်း'
'ဟောဘာဖြစ်တာလည်းမင်းသမီးလေးရယ်'
'သမီးဂီတဆရာမကိုကြည့်မရတော့ဘူးမားမား'
'နိုရာအဲ့တာဆရာမလေအဲ့လိုပြောလို့မရဘူး'
လီလီလာဝင်ထိုင်တာနှင့်လီလီအနားကိုကပ်ကာဖက်တွယ်နေသည့်သမီး။
'သမီးသူငယ်ချင်းတွေအကုန်လုံးကမာမီကလုံးဝချောတယ်တဲ့လေးဆယ်လို့မထင်ရဘဲကြွေချင်စရာကြီးတဲ့ ဒီတလောတင်အသစ်ရောက်ဂီတဆရာမကမာမီကျောင်းလိုက်ပို့တာကိုတွေပြီး သမီးအမထင်လို့တဲ့သမီးဆီကနေဖုန်းနံပါတ်တောင်းနေတာမားမားရဲ့ ကြည့်မရတာနိုရာမှားလား'
ထိုအချိန်မှာတော့လီ့မဟေသီဘေးရဲ့ပါးဟာဖောင်းကာအလိုမကျဖြစ်ပြီးလီ့အနားတိုးကပ်လာလေသည် ရူဘီဟာသဝန်တိုလွန်းသလောက် သူနဲ့ပုံစံတူသမီးလေးဟာလည်း ထိုသဝန်တိုခြင်းတွေကိုအမွေဆက်ခံထားလေရဲ့။
'ဒါတော့သမီးမမှားဘူး မာနိုရှင်သတိထားနေ'
'လီလီဘာလုပ်လို့လည်းရူဘီ'
'ကလေးကဘာမှမလုပ်ပေမယ့် ရှင့်ကိုကြိုက်တဲ့လူတွေကသိပ်များနေတယ် ဘယ်ဘဝကကံကြမ္မာလည်းမသိဘူးကျွန်မလေရှင့်ကိုသိပ်သဝန်တိုရတာဘဲ'
'လီလီမှားလို့လားဟင်'
'မာမီမမှားဘူး မားမား မာမီကိုမဆူပါနဲ့'
'နိုရာဒါမားဇနီးပါမားမဆူဘူး ဘာဘေဘီသွားနားမယ်မနက်ကျတို့နဲ့အတူသမီးကိုကျောင်းပို့မယ်နော် ကျောင်းဆင်းလည်းတို့ဆေးရုံကိုလာခေါ်အတူသွားကြိုမယ် တို့အပိုင်ကိုလာကြည့်တာကိုသေချာကြည့်ရမယ်'
'သမီးလေးကို ညနေစာ'
'တို့လုပ်ထားတယ် သမီးနွေးစားတက်တယ် ဘေဘီနားဖို့လိုပြီရေချိုးရမယ်ပြီးရင် နားရမယ် ကလေးကြိုက်တက်တာလေးချက်ထားတယ်'