' သမီးဂျိန်း ဒီနေ့ဂျယ်ယောင်းပြန်လာမယ်တဲ့နေ့လည်ကျလေဆိပ်မှာသွားကြိုလိုက်နော် '
' ဟုတ် အဖေ ဂျိန်းသွားကြိုလိုက်မယ် '
' အဖေကတော့ ဂျယ်ယောင်းဒီတစ်ခေါက်အလုပ်ကိစ္စတွေနဲ့ခရီးပြန်မထွက်ခင်သမီးတို့နှစ်ယောက်ကိုစေ့စပ်ပေးချင်နေပြီ '
' ဟုတ် စီစဥ်လိုက်ပါ အဖေ ဂျိန်းလက်ခံပါတယ် '
' အဖေ့သမီးကအဖေ့ကိုဘယ်လိုစိတ်ချမ်းသာအောင်ထားရမလည်းသိတာဘဲ '
' ဒါပေါ့ အော်ဒါနဲ့အဖေ့မဲဆွယ်တဲ့ပွဲကဒီနေ့မလား '
' ဟုတ်တယ်သမီးပါတီဝင်တွေနဲ့ဒီနေ့လူထုရှေ့ထွက်ရမှာ '
' ဘယ်လိုလည်းဒီတစ်ခေါက်ရောနိုင်မယ်ထင်လားအဖေ '
' ဘယ်သူ့အဖေမို့လို့လည်း ကျိန်းသေပေါက်နိုင်မှာစောင့်နေဟုတ်ပြီလား '
' ဟုတ်ပါပြီရှင် ဒါဆိုဂျိန်းပြန်ပြီနော် နေ့လည်ကျဂျယ်ယောင်းကိုသွားကြိုလိုက်မယ် '
' ဟုတ်ပြီသမီးစကားလည်းသေချာပြောခဲ့ကြအုံး '
' ဟုတ် အဖေ '
ဂျိန်းအိမ်ကပြန်ပြီး တိုက်ခန်းကိုသာပြန်လာခဲ့သည် ဒီနေ့ကဂျိန်းနားရက်ပင် ဒီညနေအနားယူဖို့တွေးကာ ဂျယ်ယောင်းကိုကြိုပြီးအပြန်တော့ လိုအပ်တာတွေဝင်ဝယ်ဖို့ဆုံးဖြတ်လိုက်သည်။
တီ.....တီ....တီ
' ဟယ်လို....'
' ရူဘီ ဘယ်မှာလည်းဟင် '
' နင်ငါ့ဖုန်းနံပါတ်ဘယ်လိုသိတာလည်း '
' အွန်နီးဟယ်နာဆီကတောင်းထားတာပါရူဘီ ငါကတောင်းလို့အွန်နီးကပေးရတာပါ '
' ကျစ် နင်ဘာကိစ္စဖုန်းဆက်တာလည်း '' နင်ဆေးရုံမလာဘူးဆိုလို့လေရူဘီ နားရက်လားဟင် ဒါမှမဟုတ်နေမကောင်းလို့လား '
' လာလီဆာမာနိုဘန် နင်ဘာဖြစ်နေတာလည်း ဒါငါ့နားရက်ငါ့ကိုမနှောက်ယှက်စမ်းနဲ့ဟာ '
' ငါနင့်ကိုလွမ်းလို့ပါရူဘီ ငါဒီနေ့လီလီပန်းတွေဝယ်လာတယ်နင်အတွက်လေရူဘီ '