' ဘယ်လိုလည်းလီလီ '
' လီ နောင်တမရမှာသေချာတယ်ဒယ်ဒီ ရူဘီလည်းမကြာခင်မိသားစုဘဝလေးတစ်ခုတည်ထောင်တော့မှာ လီသူပျော်နေတာကိုကြည့်ရုံနဲ့ကျေနပ်လိုက်ပါပြီ '
' ဒါဆိုကတိအတိုင်းဘဲလီလီချယ်လေးနဲ့လက်ထပ်ရမယ် '
အသားလှီးနေတဲ့လက်တွေရပ်တန့်သွားပြီး ဒယ်ဒီကိုကြည့်လိုက်သည် ဒယ်ဒီဟာလီ့အဖြေကိုမျှော်လင့်နေဟန်ရှိသည်။
' လီလက်ခံတယ်ဒယ်ဒီ '
' နောက်ဆုံးတော့ဒယ်ဒီသမီးလေးလက်ထပ်တာကိုသေချာစီစဥ်ပေးရတော့မယ် ဒယ်ဒီချယ့်မိသားစုတွေကိုမနက်ဖြန်ကျစာဖိတ်ကျွေးမှာမို့ လီလှကမနက်ဖြန်တော့အနားယူလိုက်ပါ အလုပ်တွေနဲ့ပင်ပန်းနေပြီမဟုတ်လား '
' ဟုတ်ဒယ်ဒီ ဒီတလောတော့လီလည်းအနားယူချင်တယ် အလုပ်တွေကိုလက်ထောက်ဂျိုးစပ်ကိုခနကိုင်တွယ်ခိုင်းလိုက်မှာမို့လီ့ကိုနားရက်ပေးပါဒယ်ဒီ '
'ဘယ်အထိလည်းလီလီ ဒယ်ဒီကအလုပ်တွေအကုန်လုပ်နိုင်တယ်ဆိုတာသိတယ်မလား လီလီဘယ်လောက်နားချင်နားချင်ဒယ်ဒီနားရက်ပေးနိုင်တယ် ဒါပေမယ့်စိတ်လေနေတဲ့လူတစ်ယောက်လိုပုံစံမျိုးတော့မဖြစ်စေချင်ဘူး အထူးသဖြင့်ချယ်လေးရှေ့မှာပိုမဖြစ်သင့်ဘူးလေလီလီ '
. ' လီလီ နားလည်ပါတယ်ဒယ်ဒီ လီလီအကောင်းဆုံးဖြစ်အောင်ပြန်နေပါ့မယ် ဒါကြောင့်မို့လီ့ကိုနှစ်ပတ်ဘဲနားရက်ပေးပါ '
' ကောင်းပြီလီလီ ဒီတလောသေချာအနားယူလိုက်ပါ မနက်ဖြန်ချယ်လေးတို့လာမှာမို့အခုလိုမျိုးဖြစ်မနေဖို့ဒယ်ဒီမျှော်လင့်တယ် '
' ဟုတ် ဒယ်ဒီ '
လီ ထိုနေ့ညမှာစိတ်ပင်ပန်းစွာအိပ်ပျော်သွားခဲ့သည် မနက်ကလေယာဥ်ပေါ်မတက်ခင်အထိရူဘီကိုစောင့်မျှော်နေခဲ့သည် ရူဘီများရောက်လာမလားဆိုတဲ့မျှော်လင့်ချက်အသေးစားလေးတစ်ခုနှင့်ပင် သို့သော်ရူဘီဟာရောက်မလာခဲ့ လီ့မျှော်လင့်ချက်တွေပျောက်ဆုံးကာ အမေရိကားကိုသာပြန်ရောက်လာခဲ့သည်။
' လီလီ '
နိုးနိုးခြင်းမြင်လိုက်ရသူဟာချယ်ပင် ချယ်ဟာလီ့အိပ်ယာပေါ်ရောက်နေသည်။
![](https://img.wattpad.com/cover/344377995-288-k146465.jpg)