နိုးလာလာခြင်းကြားရတဲ့သတင်းဟာ
' အမတ်လောင်းရဲ့သမီးရူဘီဂျိန်းဟာလိင်တူချစ်သူတစ်ယောက်မဟုတ်ဘဲတစ်ဖက်မိန်းကလေးကသာအတင်းအကြပ်နမ်းခဲ့ခြင်းကြောင့်အထင်အမြင်လွှဲမှားခြင်း '
' ရူဘီဂျိန်း၏ရည်းစားလို့စွပ်စွဲခဲ့သူဟာသူကသာရူဘီဂျိန်းကိုတစ်ဖက်သက်ချစ်နေခြင်း '
' ရူဘီဂျိန်းနှင့်နိုင်ငံခြားသူလေးဟာရည်းစားတွေမဟုတ်ဘဲသူငယ်ချင်းတွေသာဖြစ်ကြောင်းနိုင်ငံခြားသူလေးမှအတိအလင်းကြေငြာ '
' ဘာတွေလည်း မာနိုဘန် ဘာတွေလုပ်လိုက်တာလည်း '
ထိုအချိန်မှာတက်လာတာကတော့အဖေ့ရဲ့အင်တာဗျူး
' အမတ်လောင်းအနေနဲ့ဘာကေုာင်ြဒီကိစ္စကိုစောစောမဖြေရှင်းခဲ့လည်းသိခွင့်ရမလားဗျာ့ '
' တဖက်မိန်းကလေးကဂျိန်းလေးအပေါ်အရမ်းဆွဲလမ်းနေခဲ့တာပါဒါကြောင့်မို့အခုလိုသတင်းထဲရောက်တဲ့အထိအထင်လွဲစရာတွေဖြစ်ခဲ့တဲ့ပုံပါဘဲ မဖြေရှင်းတာကလည်းသမီးသူငယ်ချင်းဖြစ်တဲ့မိန်းကလေးမို့မိန်းကလေးတစ်ယောက်အရှက်နဲ့သိက္ခာအတွက်ပါ '
' တကယ်လို့အမတ်လောင်းရဲ့သမီးကသာလိင်တူချစ်သူတစ်ယောက်ဆိုဘယ်လိုလုပ်မလည်းဗျာ့ '
' လက်ခံပေးမှာပေါ့အဖေတစ်ယောက်အနေနဲ့ တစ်လောကလုံးမှားတယ်ပြောရင်တောင်အဖေဆိုတဲ့လူကတော့လက်ခံမှာဘဲ '
ဂျိန်းအဖေ့စကားကြောင့်မျက်ရည်တွေဝဲလာသည် အဖေကတောင်ဒီလောက်ခွင့်ပြုနေတာကိုသူရဲဘောကြောင်တဲ့လူမုန်းတယ် ငါ့ကိုမချစ်ဘူးလို့ပြောတဲ့နင့်ကိုမုန်းတယ်မာနိုဘန် အရမ်းမုန်းတယ်။
' အကုန်ပြီးသွားပြီ '
' လီ ဒယ်ဒီကိုနားလည်အောင်မရှင်းပြတော့ဘူးလား '
'ဒယ်ဒီ လီနားတော့မယ် '
' နာကျင်တယ်မဟုတ်လား လီလီ '
' သေလောက်အောင်နာကျင်တယ်ဒယ်ဒီ မသေရုံတမယ်ပါဘဲ '
. မျက်ရည်တွေကျလုဆဲဆဲအခြေအနေမှာ လီအခန်းထဲဝင်ခဲ့သည် လီသေလောက်အောင်လွမ်ူသည် ရူဘီအသံလေး ရူဘီအပြုံးလေး ရူဘီမျက်နှာလေး ရူဘီအနမ်းလေး အကုန်လုံးကိုသေမတက်လွမ်းရပါသည်။
