30

1.2K 117 9
                                    

     ပြန်နိုးလာလာခြင်းတွေ့လိုက်ရတာမျက်နှာကျက်အဖြူနှင့်မီးဆိုင်းတွေပင် ဘေးကလူတွေဟာလီ့ကိုစိုးရိမ်ပူပန်နေခဲ့ကြသည် ထိုအချိန်မှသိလိုက်တာက ကားရှေ့ပြေးဝင်လာတဲ့ကလေးမလေးရဲ့မိဘတွေပင် လီ့ကိုကျေးဇူးတင်ကာတောင်းပန်နေကြသည် လီကျေနပ်မိသည် မိသားစုဘဝတစ်ခုကိုလီမဖျက်စီးခဲ့မိလို့ပင် နောက်တစ်နေ့မနက်မှာတော့သူတို့အလုပ်သွားကြရသည် အိမ်ကိုဖုန်းဆက်ထားလို့လာနေကြပြီလို့လည်းပြောသည် ။

     လီကတင်ပေါ်မှာလှဲရတာအဆင်မပြေတာကြောင့်ပပြုကာထထိုင်နေရင်း လူတစ်ယောက်လာတာကိုသတိထားမိခဲ့သည် နောက်တော့သူ့အသံကြားလိက်ရုံနှင့်အလိုလိုမျက်ရည်တွေဝဲတက်လာခဲ့သည် လီလွမ်းနေခဲ့ရသူလီတန်ဖိုးထားရသူ လီ့ဘဝထက်ပင်ပိုချစ်ရသောမိန်ူကလေးရူဘီ....။
  
      ' ရူဘီ ငါလေ မာနိုဘမ်ပါ '

    သူဟာခနတာရပ်တန့်နေပြီးလီ့ကိုမျက်နှာလွှဲသည် စောနကလိုချိုချိုသာသာစကားသံမဟုတ်ဘဲ ။

     ' လူလိမ်....'

   ' ရူဘီ ငါ.....'

  ' တော်တော့မပြောနဲ့...ငါနင့်အသံမကြားချင်ဘူး '

     ထိုအချိန်မှာ လီ ပြောမယ့်စကားတွေကိုရပ်တန့်လိုက်သည်နှင့်တပြိုင်နက်သူဟာလီ့အရှေ့ကိုရောက်လာသည်။
   
     ' ရူဘီငါလေ '

  ' နင့်ကိုငါစကားမပြောနဲ့လို့ပြောတယ်လေ '

   သူဟာခေါင်းငြိမ့်ကာဂျိန်းကိုဘာမှဆက်မပြောတော့ပေ အပြင်ကိုသာအကြည့်လွှဲပြီး ဘာမှအသံထွက်မလာတော့ပေ ထိုအခါမှဂျိန်းနှလုံးခုန်စက်တွေနဲ့အတူသွေးပေါင်စစ်ဆေးသည် ။

     ' သွေးပေါင်တွေကျနေတယ်ဆေးသွင်းရမယ် ခေါင်းကိုက်တာဘယ်လိုနေလည်း '

        ရုတ်တရက်ကြည့်လိုက်တော့ ဂျိန်း နားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့ဂျိန်ူကိုကြည့်နေတဲ့သူဟာချက်ချင်းအကြည့်လွှဲသွားသည်။

     'မေးတာပြန်ဖြေလေ '

   ' ငါစကားပြောလို့ရပြီလား '

   ' ငါမေးတာဘဲဖြေ '

     ' ခေါင်းမူးတယ် ရူဘီ '

Bond Of LoveWhere stories live. Discover now