ဒီနေ့မနက်ပင် လီ ကိုရီးယားကိုရောက်ခဲ့သည် ချယ်ကတော့လေဆိပ်လိုက်ပို့ရင်းမျက်နှာမကောင်း သူ့အလုပ်ကိစ္စအဆင်ပြေတာနှင့်သူလီ့အနောက်လိုက်ခဲ့မည်ဖြစ်ကြောင်းလည်းသူပြောနေခဲ့သည် လီ လေချယ့်အချစ်တွေကိုခံစားမိပါသည် ဒီတစ်ခေါက်ပြန်တာလည်းလီ့ဘဝကိုအဆုံးအဖြတ်ပေးမယ့်အရာဆိုတာလီသိနေခဲ့သည်။
ပထမဆုံးဒယ်ဒီစီစဥ်ပေးထားတဲ့အိမ်မှာနေကာရုံးတက်သည် အမြဲဒီလိုလည်ပတ်ခဲ့သည် တစ်ပတ်လောက်အိမ်နဲ့ရုံးလည်ပတ်အပြီးမှာတော့ ကုမ္ပဏီကရှယ်ယာတွေဟာပိုမို့အရှိန်မြင့်လာသည်လီအကြံပြုတဲ့ကြေငြာနဲ့ဒီဇိုင်းဟာပိုပေါက်သွားခဲ့တာကြောင့်အတော်လေးအဆင်ပြေသွားသည်ဟုဆိုရပေမည်။
တစ်ညနေတော့ကံကြမ္မာဟာလီ့နှလုံးသားနှင့်လီ့အားတစ်ခေါက်ပြန်လည်တွေ့ဆုံရန်ဖန်တီးပေးခဲ့လေသည် ရုံးကအပြန်ကားမောင်းလာတုန်း ကအရှေ့ကိုကလေးမလေးတစ်ယောက်ပြေးဝင်လာတာမို့ကားကိုလမ်းဘေးတစ်နေရာကွေ့ချလိုက်သည် ဒုန်းးး။
မူးနောက်သွားတဲ့ခေါင်းနဲ့အတူသတိလစ်သွားခဲ့သည်။
' ကားတိုက်လူနာပါတယ် အရေးပေါ်အခန်းအသင့်ပြင်ထားပါ '
ဆရာဝန်တွေဟာသွေးမတိတ်တဲ့ဒဏ်ရာကိုသွေးတိတ်အောင်သေချာလုပ်ကာချုပ်လိုက်ရသည် ခြေထောက်ဟာလည်းအရိုးအတ်သွားတာမို့သေချာလေးအရိုးပြန်ဆက်အောင်လုပ်ရလေသည်။
' ခွဲစိပ်မှုအောင်မြင်.....'
' လူနာရှင်မရှိဘူးလား '
' ကျွန်တော်ကလူနာရှင်ပါ ကျွန်တော့်သမီးလေးကာလမ်းပေါ်ပြေးတက်သွားတာကိုသူကကားမတိုက်မိအောင်ရှောင်ရင်းအခုလိုဖြစ်သွားတာပါ အခြေအနေလေးပြောပြလို့ရမလား'
' သူ့အခြေအနေကအဆင်ပြေသွားပါပြီ ခြေထောက်ကအရိအတ်ပေမယ့်ပြန်ဆက်လို့ရတဲ့အနေအထားမို့ဆေးနဲ့ပြန်ဆက်ထားပါတယ် ခေါင်းကတေည့ချုပ်ထားရတယ် မကြာခင်သတိလည်လာမှာပါ '
' ဟုတ်ကဲ့ကျေးဇူးပါ '
ထိုလူဟာအခုမှာပင်စိတ်သက်သာရာရသွားပုံရှိသည်။
