' စီအီးအို ဒါကဒီနှစ်အတွက်စာရင်းတွေပါနောက်ပြီး ကိုရီးယားကိုသွားဖို့ပါပြင်ဆင်ထားပါတယ် '
စာရင်းတွေကိုစစ်ရင်းလက်မှတ်ထိုးနေတဲ့သူရဲ့မျက်ခုံးတွေဟာအလိုလိုကျုံ့ပြီးနားမလည်သလိုမျက်ဝန်းတွေနဲ့သူ့မျက်မှန်ကိုပင့်တင်လာသည်။
' ကိုရီးယားဘာကိစ္စအတွက်လည်းအရေးမကြီးရင် တာဝန်ခံကိုလွှတ်လိုက်'
' ဥက္ကဋ္ဌကြီးကစီအီးအိုကို ကိုရီးယားရုံးချုပ်မှာစီအီးအိုသွားလုပ်ဖို့အတွက်အမိန့်ကျလာပါတယ် ကိုရီးယားကအခုအရမ်းထိုးတက်နေတဲ့ရှယ်ယာစျေးတွေကိုလည်းထိန်းချုပ်ခိုင်းဖို့လို့ဆိုပါတယ် '
ဒယ်ဒီကတော့ဘာကြောင့်ကိုရီးယားကိုသွားခိုင်းရသလည်း ထိုနယ်မြေမှာလီ့အချစ်နဲ့လီ့နှလုံးသားကိုအပိုင်စားရထားသူဟာရှိနေသည်ကိုမသိတာလည်းမဟုတ်ပင်။
' ဘယ်တော့သွားရမှာတဲ့လည်း '
' နောက်အပတ်ရှယ်ယာရှင်အစည်းအဝေးပြီးတဲ့သောကြာနေ့ညလောက်ထွက်ရမှာပါစီအီးအို '
' အင်း ဟုတ်ပြီ မင်းပြန်တော့ နောက်၁၀မိနစ်နေရင်ဖိုင်တွေလာပြန်ယူငါလက်မှတ်ထိုးလိုက်အုံးမယ် '
' ဟုတ်ကဲ့စီအီးအို....'
တီ.....တီ.....တီ.....
' လီ ငါပြန်ရောက်ပြီ '
' ရားးးချယ်အစုတ်ပလုတ်ပြောလေငါလာကြိုမှာပေါ့ '
' နင့်ရုံးချိန်ဆိုတာသိလို့ငါဖုန်းမဆက်လိုက်တာ ငါလည်းရုတ်တရက်ပြန်လာတာဟိုမှာပွဲပြီးတာနဲ့ '
' ဟုတ်လား ဒါဆိုညကျနင့်အိမ်မှာလူစုံကြမလား '
' ကောင်းတယ် ငါအကုန်လုံးကိုဖုန်းဆက်လိုက်မယ် '
' အင်း ဒါဆိုငါအလုပ်လုပ်လိုက်အုံးမယ်နော် ညကျမှတွေ့မယ် '
.' အင်း အင်း'
ဖုန်းချပြီးတာနှင့်လီဆာသက်ပြင်းချလိုက်မိသည်။
' တောင်းပန်ပါတယ် ချယ် မချစ်နိုင်ခဲ့တဲ့အတွက် '
တဖက်ကချယ်ဟာလည်းဖုန်းကိုကြည့်ကာ