' ဟမ် ယူဂျောင်းကနင့်ကိုချစ်တယ်လို့ပြောတယ် '
လီ တစ်ဖနီပါးစပ်ကိုလှမ်းအုပ်လိုက်သည်။
' တိုးတိုးပြောလေတစ်ဖနီ '
' အာ...ဆောရီးး တကယ်ကြီးလား '
' အင်း တကယ်ကြီးလေ ငါတောင်ဘယ်လိုပြောရမလည်းမသိဘူး မနည်းငြင်းပြီးပြေးထွက်လာတာ '
' တော်တော်အတင့်ရဲတာဘဲ '
ချယ်ဟာဒေါသထွက်နေပုံပင်။
' ချယ် '
' ငါသဘောမကျဘူး ရူဘီဂျိန်းကိုနင်ကချစ်တယ်ဆိုလို့သာငါဘာမှမပြောခဲ့တာနင့်ကိုအဲ့လိုလာပြောရင်ငါဘယ်လိုမှလက်မခံနိုင်ဘူး '
' မဟုတ်ဘူးချယ်ငါငြင်းပြီးပြီ နောက်ပြီးသူ့မှာရည်းစားရှိတယ်ပြဿနာသာတက်ရင်အကုန်လုံးအတွက်မကောင်းဘူး ငါတို့အေးအေးဆေးဆေးနေကြမယ်လေနော်'
' ငါသဝန်တိုလိုက်တာလီရာ နင့်ကိုအဲ့လိုခေါ်ပြောတာကိုငါလုံးဝအဆင်မပြေဘူး '
' ငါငြင်းပြီးပြီနော်စိတ်မတိုပါနဲ့ '
လီ ချယ့်ကိုရင်ခွင်ထဲထည့်ဖက်လိုက်တာကြောင့်ချယ်ဟာလီ့ရင်ခွင်ထဲမှာဒေါသဖြေနေလေသည်။
' လီ နင်အမြဲမှတ်ထား ငါနင့်ကိုအရမ်းချစ်တယ် ရူဘီဂျိန်းကနင့်ကိုမချစ်ဘူးဆိုရင်နင်ငါ့ကိုရွေးချယ်ပေးပါ ငါအဲ့လိုတောင်းဆိုတာကိုနင်ခွင့်ပြုပေးနိုင်မလား '
' ချယ် '
' ငါနင့်ကိုချစ်တယ်လီ ငါအမြဲချစ်နေခဲ့တာ နင်ရူဘီဂျိန်းကိုချစ်တယ်ဆိုလို့ငါလက်လွှတ်ပေးတယ် ဒါပေမယ့်နင်သူ့ကြောင့်စိတ်ညစ်တာဖြစ်ဖြစ် သူ့နင့်ကိုမချစ်တာဖြစ်ဖြစ် နင်တို့နှစ်ယောက်အတူမရှိနိုင်တာဘဲဖြစ်ဖြစ် ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုမှငါ့ကိုရွေးချယ်ပေးပါ အခုချိန်မှာနင်ချစ်တဲ့သူဆီသွားပါလီ '
လီဟာမျက်ရည်တွေကျလာသည် လီ ချယ့်ကိုမနာကျင်စေချင်ပင် လီ့ကြောင့်ချယ်နာကျင်နေရသည် သူလီ့ကိုအများကြီးချစ်နေတာလီသိသည် လက်မခံနိုင်ဘဲရူဘီကိုချစ်နေမိတာလည်း သူ့ကိုလီအားနာမိသည် လီ့ နှလုံးသကရူဘီကိုသာမျှော်လင့်နေသဘ် တရေးနိုးထမေးရင်တောင် လီ လိုအပ်တာရူဘီပင် ဒါပေမယ့်လီ့အပေါ်အမြဲကောင်းပေးတဲ့ချယ်ဟာလီ့ရွေးချယ်မှုကြောင့်နာကျင်ရနိုင်သည် ။