26

1K 101 6
                                    

    ရက်သတ္တပတ်အကြာမှာသတင်းတွေဟာပိုဆိုးကာအတော်လေဂယက်ရိုက်လာခဲ့သည် ဖြေရှင်းချက်တွေအတည်ပြုမှုတွေကိုတော့တောင်းနေကြဆဲပင် လီ့ရဲ့ရူဘီဟာသူ့အိမ်နှင့်အတိုက်အခံလုပ်ကာလီ့ကိုရအောင်ကာကွယ်တာကြောင့်လီကတော့ဒယ်ဒီအကူအညီယူကာ အနောက်ကနေပြဿနာတွေလိုက်ရှင်းနေလေသည် အထူးသဖြင့်ရူဘီအဖေအမတ်လောင်းရဲ့ရွေးကောက်ပွဲထိခိုက်မည်ဆိုးတာကြောင့်ဒယ်ဒီကိုအကူအညီတောင်းကာ ပါတီမဲထည့်ဖို့တိတ်တဆိတ်လှုံဆော်ရသည် ပြောချင်တာ‌ကတော့ပိုက်ဆံနှင့်လူကြီးတွေစိတ်ကိုဖျောင်းဖျသည့်သဘောပေါ့။

     ရူဘီဟာသိပ်ချစ်ဖို့ကောင်းသည် ပြဿနာတွေတက်နေပေမယ့် လီ့ကိုချစ်တယ်ပြောဖို့တစ်ရက်မပြတ်ခဲ့ အနမ်းပေးဖို့လည်းတိုက်ခန်းထိရောက်လာတက်သည် လီလေရူဘီကိုချစ်မဝပေ....။

   တီ.......တီ.......တီ.....

    ' ဟယ်လို.........'

   '.......................စောင့်နေမယ် '

    ' ဟုတ်ကဲ့လီအခုလာခဲ့ပါ့မယ် '

  
      လီ အခုရောက်နေတာဟန်မြစ်မှာပင် ဟန်မြစ်ကိုကြည့်ရင်းလီမျက်ရည်တွေကျနေခဲ့မိသည်။

    ' မင်းကြောင့်ဂျိန်းလေးရည်ရွယ်ချက်တွေအကုန်ပျက်စီးတော့မှာ ဒါကိုမင်းကထိုင်ကြည့်နေတော့မှာလား ဒါမင်းသူ့ကိုချစ်နေတာမဟုတ်ဘူး အမြင့်နေရာကနေသူ့ကိုဆွဲချနေတာ....'

        နားထဲမှာပြန်ကြားယောင်တဲ့စကားတွေကြောင့် လီဆာဟာတသိမ့်သိမ့်ရှိုက်ငိုနေလေသည်။

     ' ငါ့ကိုထားမသွားဘူးလို့ကတိပေးပါမာနိုဘန် ငါနင့်ကိုပိုင်ဆိုင်ချင်တယ် '

     ' ဟင့်အင်း နင်ငါ့အတွက်ကြံ့ခိုင်နေစရာမလိုဘူးမာနိုဘန် နင့်ကိုငါချစ်တယ် ငါ့ကိုယုံစမ်းပါမာနိုဘန်ရယ် '

     ' ငါကဆရာဝန်ဖြစ်ချင်တာမာနိုဘန် အထူးကုဆရာဝန်တစ်ယောက် ငါ့လက်နဲ့လူနာတွေကိုသေချာကုသပေးချင်တယ် ငါလေငါ့အိမ်မက်တွေကိုအကောင်အထည်ဖော်ချင်တာ '

       ' ငါ့အဖေနဲ့ငါ့အမေကငါ့အပေါ်မျှော်လင့်ချက်အရမ်းထားတာငါသူတို့ကိုစိတ်မပျက်စေချင်ဘူး '

Bond Of LoveWhere stories live. Discover now